Twilight ရုပ်ရှင်မှာ ကာရိုက်တာအပီပြင်ဆုံးနဲ့ ဇာတ်ရုပ်ကို အံဝင်ခွင်ကျ သရုပ်ဆောင်ခဲ့တဲ့ Jacob အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Taylor Launter ကိုအားလုံးသိကြမယ်လို့ထင်ပါတယ်။

Photo Credit - Google
Photo Credit - Google

သူရဲ့ ချောမောလှပတဲ့ရုပ်ရည်သွင်ပြင်နဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google

Taylor Launter ဟာ သူရဲ့ချစ်သူချောချောလေး Tay Dome နဲ့ ရည်စားသက်တမ်းသုံးနှစ် ရှိလာပြီ ဖြစ်ပါတယ်။Taylor Launter ဟာ သူတို့နှစ်ဦးရဲ့ရည်စား သက်တမ်းသုံးနှစ်ပြည့်ပြီးနောက် သိပ်မကြာသေးခင်မှာပဲ သူ့ရဲ့ချစ်သူ Tay Dome ကို ရိုမန့်တစ်ဆန်ဆန်လေးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ သိရှိရပါတယ်။သူတို့နှစ်ဦးဟာ သိပ်မကြာခင်မှာပဲ လက်ထပ်တော့မယ်လို့လည်း သိရှိရပါတယ်။Taylor Launter ရဲ့ပရိတ်သတ်တွေကလည်း သူတို့နှစ်ဦးရဲ့ လက်ထပ်တော့မယ့် သတင်းကြားရတာ ဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်တယ်လို့ ဆိုထားကြပါတယ်။

Photo Credit - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။