ကောင်းမှုတစ်ခု နေ့စဥ်ပြုဆိုသလို အားလုံးချစ်ခင်ကြတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ဒီတစ်ခေါက်မှာလည်း မွန်မြတ်လှတဲ့အလှုတစ်ခုရဲ့ ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေလာခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

ဒီတစ်ခေါက်မှာတော့ ပရဟိတမင်းသမီးခိုင်နှင်းဝေဟာရန်ကုန်မြို့အင်းလျားဝေဠုဝန် စာသင်တိုက် မှာ သီတင်းသုံးလျက်ရှိတဲ့ ဆရာတော် ဆရာတော် ဘဒ္ဒန္တပုညာစာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) နှင့် တပည့်များက ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းများ ဘက်စုံအသုံးပြုရန်အတွက် အလှူငွေ ကျပ်သိန်း ၁၀၀ ကို လှူဒါန်းပေးခဲ့တယ်လို့  ဆိုပါတယ်။ဆရာတော်ကြီးရဲ့သဒ္ဓါပေါ်မေတ္တာတော်ဖြင့် လှူဒါန်းပေးတဲ့အတွက် ဆရာတော် သက်တော်ရာကျော်ရှည်ပြီး ဒီထက်မက သာသနာပြုနိုင်ပါစေလို့လည်း ရေးသားထားပါတယ်။ဆက်လက်ပြီးတော့လည်း ဆရာတော်ကြီးရဲ့ ကုသိုလ် ကို ၇ ရက်သားသမီးများ အားလုံးသာဓုခေါ်ဆိုပြီး ကုသိုလ်ရေစက်ဆက်နိုင်ကြပါစေရှင်လို့လည်း ရေးသားထားပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာ ခိုကိုးရာမဲ့ဖြစ်နေတဲ့ကလေးလေးများအတွက် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ထူထောင်ထားပြီး ဂေဟာမှာရှိတဲ့ ကလေးလေးတွေကို အဖေလိုရော အမေလိုရောပါ မေတ္တာတွေပေး စောင့်ရှောက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ မွေးရာပါရောဂါများပါလာတဲ့ မွေးကင်းစကလေးလေးများအတွက်လည်း ဆေးဖိုးအကုန်အကျခံကာ လှူဒါန်းပေးနေသူတစ်ဦးဖြစ်တဲ့အပြင် အမှန်တကယ်ခက်ခဲပြီး ဒုက္ခရောက်နေသူများကိုလည်း သူမတတ်နိုင်သလောက် လှူဒါန်းပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်၊၊

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။