တန်ဆောင်တိုင်စတုဒိသာ အလှူဆိုတာ အလှူပေးရတာဝါသနာပါတဲ့ မြန်မာလူမျိုးတွေနဲ့ မစိမ်းကားတဲ့အရာပါ။မွန်ပြည်နယ်မှာလည်း တန်ဆောင်တိုင်စတုဒိသာအလှူလေးတွေကို နိုဝင်ဘာလ၁၃ရက်နေ့ကစပြီး ကျွေးမွေးလေ့ရှိတယ်လို့သိရပါတယ်။ 

Photo - Crd to Original Uploader 
Photo - Crd to Original Uploader 
Photo - Crd to Original Uploader 

အခုအလှူပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကတော့ မွန်ပြည်နယ် ၊ ပေါင်မြို့ ၊မိုးနှိုင်းရပ်ကွက်၊ နယ်ခြား ကွက်သစ်မှာရှိတဲ့ ဝရဇိန်(ပေါင်) ဆွမ်းလောင်း အသင်းရုံး ရှေ့မှာလို့ သိရပါတယ်။စတုဒိသာကျွေးဖို့ပြင်ဆင်နေတဲ့မုန့်လေးတွေက မုန့်အုပ်ကလေးတွေဖြစ်ပါတယ်။ 

Photo - Crd to Original Uploader 
Photo - Crd to Original Uploader 

အခုလို စတုဒိသာ အလှူလေးတွေကို ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်ကျွေးခဲ့တာဖြစ်ပြီး မနက်ဖြန်နိုဝင်ဘာလ၁၄ရက်နေ့ ညနေပိုင်းမှာရော၊ နိုဝင်ဘာလ၁၅ရက်နေ့ညနေပိုင်းမှာရော ထပ်မံကျွေးမွေးလှူဒါန်းသွားမယ်လို့ သိရပါတယ်။ရိုးရှင်းတဲ့ စတုဒိသာအလှူဓာတ်ပုံ ပုံရိပ်လေးတွေကိုအားလုံးပဲ ကြည့်ရှုနိုင်အောင်ဖော်ပြပေးလိုက်ရပါတယ်။ 

Photo - Crd to Original Uploader 
Photo - Crd to Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။