နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်သလိုစီးပွားရေးပညာရှင်အနေနဲ့ပါ နာမည်ကြီးတဲ့Paris Hilton ဟာ သူမချစ်ရသူCarter Reum နှင့်နိုဝင်ဘာလ၁၁ရက်နေ့တုန်းကလက်ထပ်ခဲ့တာဖြစ်ပါတယ်။သူမနှင့်Carter Reum တို့ဟာ၂၀၁၉ခုနှစ်၊ကျေးဇူးတော်နေ့မှာ ကတည်းက စတင်တွဲခဲ့ကြတာဖြစ်ပြီး၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁၃ရက်နေ့မှာ စေ့စပ်ခဲ့ကြတာလို့သိရပါတယ်။ 

Google

Hilton ဟာ သူမရဲ့လက်ထပ်ပွဲပုံရိပ်လေးတွေကို"ကျွန်မရဲ့ထာဝရနေ့ရက်တွေဟာ ဒီနေ့မှစတင်ခဲ့ပါပြီ" ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲမတိုင်ခင်ညမှာပဲHilton ဟာ သူမရဲ့မင်္ဂလာဝတ်စုံကို ရွေးခဲ့တာလို့ နီးစပ်သူများရဲ့ပြောဆိုချက်အရသိရပါတယ်။ 

Google

Hilton ဟာသူမရဲ့မင်္ဂလာပွဲကအတွေ့အကြုံလေးတွေကိုအခုလိုဝေမျှခဲ့ပါတယ်။

"မင်္ဂလာပွဲမှာတုန်းကကျွန်မCarter ကိုအရင်ငိုခိုင်းခဲ့တယ်။ဘာလို့ဆိုကျွန်မအရင်စငိုရင်ကျွန်မမိတ်ကပ်တွေပျက်ကုန်မှာလေ။လမ်းတောင် 

မလျှောက်ရသေးပဲမိတ်ကပ်ပျက်လို့မဖြစ်ဘူး"

"သူအရင်စငိုပေးခဲ့ပါတယ်။ဒါပေမယ့်ကျွန်မအရင်ငိုခဲ့သင့်တာလို့တော့ထင်မိပါတယ်"

Google

Hilton ဟာCarter နဲ့လက်မထပ်ခင်တုန်းက အခြားသူတွေနဲ့ ၃ ကြိမ်တိတိ စေ့စပ်ပွဲဖျက်သိမ်းခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။Carter နဲ့ကျမှ အတည်လက်ထပ်ယူခဲ့တာပါ။

Google

Hilton ဟာ သရုပ်ဆောင်၊အဆိုတော်၊စီးပွားရေးပညာရှင်၊ဒီဂျေ စတဲ့အလုပ်မျိုးစုံကို ဘက်စုံထူးချွန်စွာ ဆောင်ရွက်နိုင်တဲ့သူဖြစ်ပြီး သူမရဲ့ အသက်ဟာ၄၀ရှိပြီပဲဖြစ်ပါတယ်။  Hilton နဲ့Carter တို့ရဲ့ ခမ်းနားတဲ့မင်္ဂလာပွဲကြီးအတွက်စုစုပေါင်းအမေရိကန်ဒေါ်လာ၆၁.၅သန်း ကုန်ကျခဲ့တယ်လို့သိရပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။