နိုဝင်ဘာလ၁၂ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့"Entertainment Live " ရဲ့ အပိုင်း၁၂ (နာမည်ကြီးတွေပိုင်ဆိုင်တဲ့ အိမ်တွေချပြခြင်း) အစီအစဉ်မှာအဆိုတော်Taeyang နှင့်မင်းသမီးMin Hyo Rin တို့ရဲ့အိမ်လေးက နံပါတ်၃နေရာရရှိခဲ့ပါတယ်။

Google

သူတို့ဇနီးမောင်နှံရဲ့အိမ်လေးက Hannam-dong မှာတည်ရှိပါတယ်။အဲဒီနေရာက အိမ်တွေက အနည်းဆုံး တောင်ကိုရီးယားဝမ်၁၀သန်းကနေ၁၅သန်းထိတန်ကြေး ရှိတဲ့အိမ်တွေပါ။သူတို့ရဲ့အိမ်နေရာ ပတ်ဝန်းကျင်မှာ Maebongsan တောင်တန်းကြီးရှိပြီး မိသားစုအပန်းဖြေဖို့ ပန်းခြံလေးလည်းရှိပါတယ်။အိမ်နီးချင်းတွေအဖြစ်Psy နှင့်  Bang Si Hyuk တို့လည်းနေထိုင်ကြတယ်လို့သိရပါတယ်။

Google

Big Bang အဖွဲ့ဝင်ဟောင်း အဆိုတော်Taeyang နှင့်Min Hyo Rin တို့ဟာ၂၀၁၈ခုနှစ်မှာဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ပြီးတဲ့နောက်သူတို့ရဲ့ပထမဦးဆုံး ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီပဲဖြစ်ပါတယ်။

Google

အိမ်ထောင်သက်၃နှစ်တာ ကာလအတွင်းမှာ အခုလို တန်ဖိုးကြီးတဲ့Penthouse ကြီး ဝယ်ယူနိုင်ခဲ့လို့ ပရိသတ်တွေ တော်တော်များများကလည်း သူတို့လင်မယားနှစ်ယောက်ရဲ့ကံတရားကိုတော်တော်ချီးကျူးနေကြပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။