တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီးHan Ga In ဟာအလုပ်အကိုင်မှာလည်း အောင်မြင်သလိုပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားတဲ့ သူပါ။Han Ga In ဟာသရုပ်ဆောင်မင်းသားYeon Jung Hoon နှင့်လက်ထပ်ထားတဲ့သူဖြစ်ပြီး ချစ်တတ်တဲ့ခင်ပွန်းကို သာမကသဘောကောင်းတဲ့ ယောက္ခမကြီးကိုပါ ရရှိပိုင်ဆိုင်ထားတဲ့သူပါ။ 

Google
Google

မကြာသေးမီကလည်း သူမရဲ့အမျိုးသားဘက်က ယောက္ခမကြီးကHan Ga In ဟာ အချစ်ခံနေရတဲ့ အဖိုးတန်ချွေးမလေးဖြစ်ကြောင်းကို လူသိရှင်ကြား ချီးကျူးလိုက်ပါသေးတယ်။Han Ga In ရဲ့ယောက္ခမဖြစ်သူဟာ သရုပ်ဆောင်ဟောင်းYeon Gyu Jin ဖြစ်ပါတယ်။သရုပ်ဆောင်ကြီးYeon Gyu Jin ဟာအနုပညာလောကကနေ အနားယူထားတာကြာပြီဖြစ်ပါတယ်။မကြာသေးမီကမှ Let’s Live Together အစီအစဉ်မှာ သူ့ကိုပြန်လည်မြင်တွေ့ခဲ့ရတာပါ။Let’s Live Together အစီအစဉ်မှာဆိုရင်သရုပ်ဆောင်ကြီးYeon Gyu Jin က ချွေးမဖြစ်သူကိုအခုလိုချီးကျူးထားပါတယ်။ 

Google

"ကျုပ်ကတော်တဲ့ ချွေးမလေးကို ရထားတာပါ။ကျုပ်ချွေးမကသရုပ်ဆောင်အလုပ်လုပ်မနေတဲ့အချိန်မှာတောင်အရမ်းကို ချောတဲ့သူပါ။ကျုပ်ပတ်ဝန်းကျင်မှာ ချွေးမဖြစ်သူနဲ့ပတ်သက်ပြီးကန့်ကွက်မှုတွေ အများကြီးရှိခဲ့တယ်။ဒါပေမယ့်ကျုပ်သားနဲ့ချွေးမလေးတို့ရဲ့ ရိုးသားမှုကြောင့်အရာအားလုံးကို ကျော်လွှားနိုင်ခဲ့တယ်။"

Google

ချွေးမဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ မင်းသားကြီး Yeon Gyu Jin ရဲ့စကားဟာNaver မှာ နံပါတ်၁အထိရောက်ရှိသွားပြီး လူအများဆီကနေ မှတ်ချက်ကောင်းတွေ အများကြီးရရှိခဲ့ပါတယ်။

Google

မင်းသမီးHan Ga In ဟာ မင်းသားYeon Jung Hoon ကိုငွေကြေးချမ်းသာတဲ့ မိသားစုဖြစ်လို့ လက်ထပ်ခဲ့တာဆိုတဲ့ လူတွေရဲ့ အပေါ်ယံကြောသုံးသပ်မှုတွေကို ယောက္ခမကြီးဖြစ်သူက အခုလို ဖြေရှင်းပေးလိုက်တာပဲဖြစ်ပါတယ်။ 

Google

မင်းသမီးHan Ga In ဟာ သူမရဲ့အသက်၂၃နှစ်အရွယ်မှာမင်းသားYeon Jung Hoon နှင့်လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူတို့မှာ သားတစ်ယောက်ယောက်နှင့်သမီးတစ်ယောက်ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။