အင်းစိန်ထောင်ထဲမှာ အဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အခြေအနေကို ဆာတိုရီရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ကိုမျိုးဇော်က ပရိသတ်တွေ သိစေရန်ယမန်နေ့နိုဝင်ဘာလ၁၂ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာသတင်းစကားပါးပေးခဲ့ပါတယ်။

Google

သရုပ်ဆောင်ရဲတိုက်ဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိပြီး၅၀၅ကနှင့်၁၆ဂအမှုနှစ်မှုကိုစစ်ဆေးစီရင်ခံရလျှက်ရှိကြောင်း ကိုမျိုးဇော်က အခုလိုပြောထားပါတယ်။

Google

"ရဲတိုက်ကိုချစ်ခင်ကြတဲ့အနုပညာပရိတ်သတ်များကိုသတင်းစကားပါးချင်ပါတယ်

ရဲတိုက်ဟာအင်းစိန်​ထောင်အတွင်းမှာ

ကျန်းမာ​ရေး​ကောင်းမွန်လျက်ရှိပါ​ကြောင်း

အသိ​ပေးအပ်ပါသည်။

၅၀၅ကနှင့်၁၆ဂနှစ်မှုကို​ထောင်တွင်းတရားရုံးမှာ

စစ်​ဆေးစီရင်ခံရလျက်ရှိပါသည်။

​ထောင်သို့ပို့​ဆောင်သည့်​နေ့မှယ​နေ့တိုင်မိသားစုနှင့်​တွေ့ဆုံမြင်​တွေ့ခွင့်မရရှိပါ။​ထောင်မှလွတ်​မြောက်ခြင်းမရှိ​သေးပါ။"

Google

သရုပ်ဆောင်ရဲတိုက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ရှေ့တန်းကနေတက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်မှာတော့၂၀၂၁ခုနှစ်ဧပြီလအတွင်းမှာ ရန်ကုန်မြို့၊သမိုင်းလမ်းဆုံမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။သရုပ်ဆောင်ရဲတိုက်အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့အတွက်လည်း ပရိသတ်တွေကဝိုင်းဝန်းဆုတောင်းပေးထားကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။