တောင်ကိုရီးယားမင်းသမီးGo Hye Sun ဟာ ခင်ပွန်းဟောင်းဖြစ်သူGoo Hye-sun နှင့်၂၀၂၀ခုနှစ်မှာ ကွာရှင်းခဲ့ပြီးနောက်မှာတော့ အနုပညာအလုပ်တွေ လုပ်တာကို ခေတ္တရပ်နားထားခဲ့တာပါ။အခုအချိန်မှာတော့ သူမဟာ တစ်ချိန်က နာကျင်မှုတွေကို စွန့်လွှတ်နိုင်ခဲ့ပြီး စိတ်သစ်လူသစ်ပုံစံနှင့်ပရိသတ်တွေရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ 

Google
Google

Goo Hye-sun တစ်ယောက်ကိုယ်အလေးချိန်14 kg အထိကျသွားတယ်လို့လည်း သိရပါတယ်။ဒါကြောင့်အရင်လိုဖောင်းဖောင်းပြည့်ပြည့်လေးမဟုတ်တော့ဘဲ လှပကြော့ရှင်းတဲ့ ပုံစံလေးဖြစ်နေတာပါ။Goo Hye-sunရဲ့ပရိုဖိုင်ဓာတ်ပုံအသစ်လေးတွေကို သူမရဲ့အေဂျင်စီက နိုဝင်ဘာလ၁၁ရက်နေ့တုန်းကSNS ပေါ်မှာ တရားဝင်တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Google

ဓာတ်ပုံထဲမှာဆိုရင်Goo Hye-sun ရဲ့အကြည့်တွေနဲ့ နူးညံ့ပျော့ပျောင်းတဲ့ အပြုံးကပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ပုံလေးတွေကိုမြင်မြင်ချင်းမှာပဲ"ဟာလှလိုက်တာ" လို့ ပြောရလောက်တဲ့အထိ အရမ်းကိုမိမိုက်နေတာပါ။ 

Google

ဓာတ်ပုံထဲမှာGoo Hye-sun တစ်ယောက်အရမ်းကို ယုံကြည်မှုတွေရှိနေတာကြောင့်အတိတ်က ဒဏ်ရာတွေကို မေ့ပစ်လိုက်နိုင်ပြီလို့ ပရိသတ်တွေက ယူဆထားကြပါတယ်။Goo Hye-sun ဟာ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Google

ဒါကြောင့် သူမ ရဲ့ဇာတ်လမ်းလေးတွေကို မကြာခင်ကြည့်ရတော့မှာပါ။ဂုဏ်ယူပါတယ်ကောင်မလေးရေ။အောင်မြင်မှုတွေထပ်မံရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။