မင်းသားကြီးRobin Williams ဟာဆိုရင်သူရိုက်ကူးခဲ့တဲ့ထုတ်လုပ်ရေး ကုမ္ပဏီတွေတိုင်းမှာ ခိုင်းစေဖို့ အလုပ်သမားတွေခန့်ရင်အိမ်ခြေရာမဲ့ ဒုက္ခရောက်နေတဲ့သူတွေကို အမြဲထည့်ပြီးခန့်စေပါတယ်။ကုမ္ပဏီတွေဘက်က သူ့ဆီကို ရုပ်ရှင်ရိုက်ဖို့လာကမ်းလှမ်းတယ်ဆိုရင်အိမ်ခြေရာမဲ့၁၀ယောက်ကိုပါ အမြဲအလုပ်ခန့်ခိုင်းစေခဲ့တာပါ။

Google

သူနဲ့အတူအိမ်ခြေရာမဲ့တွေကိုပါ အလုပ်ခန့်မှ Robin Williams က အလုပ်ကို လက်ခံတယ်လို့သိရပါတယ်။  Robin Williams ကြောင့်သာ အိမ်ခြေရာမဲ့တွေရဲ့ဘဝဟာအလုပ်အကိုင်အတည်တကျလေးဖြစ်ခဲ့တာပါ။ 

Google

Robin Williams ရဲ့အနုပညာသက်တမ်းတစ်လျှောက်ကူညီပြီး အလုပ်ခန့်ခဲ့တဲ့ အိမ်ခြေရာမဲ့ အရေအတွက်ဟာ စုစုပေါင်းခန့်မှန်းခြေ၁၅၂၀အထိရှိတယ်လို့သိရပါတယ်။အလုပ်ခန့်ခဲ့တဲ့အိမ်ခြေရာမဲ့တွေအားလုံးဟာRobin Williams ရဲ့ပရိသတ်မဟုတ်သလိုRobin Williams ဆိုတာကို သိတောင်မသိခဲ့ရှာပါဘူး။Robin Williams ကြီးဟာ ပုဂ္ဂိုလ်စွဲမရှိဘဲသမာသမတ်ရှိရှိ ဆင်းရဲသားတွေ ၊ ဒုက္ခရောက်နေခဲ့သူတွေကို ကူညီပေးခဲ့ရှာတာပါ။တော်တော်ကို စိတ်သဘောထားပြည့်ဝတဲ့သူပါ။ 

Google

တန်ဖိုးမဲ့ပြီးလမ်းပျောက်နေတဲ့သူတွေကို ကူညီနိုင်ခဲ့တဲ့မင်းသားကြီးRobin Williams ဟာ သူကိုယ်တိုင်ရဲ့အခက်အခဲကိုတော့ မဖြေရှင်းနိုင်ခဲ့ပါဘူး။သူဟာအသက်၆၃နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး ကွယ်လွန်ခဲ့ပါတယ်။

Google

အမြဲတမ်း အခက်အခဲ ဖြစ်နေသူတွေကို တန်ဖိုးထား ကူညီပေးတတ်တဲ့Robin Williams ကြီးကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တုန်းကဆို ပရိသတ်တွေအနေနဲ့ ယုံတောင်မယုံနိုင်ခဲ့ကြပါဘူး။ 

Google

အလှဆုံးအပြုံးတွေ ပြုံးလေ့ရှိတဲ့ လူတစ်ယောက်ရဲ့နောက်ကွယ်မှာ အခုလိုသေကြောင်းကြံစည်လောက်တဲ့အထိနက်ရှိုင်းတဲ့ ခံစားချက်တွေရှိနေတယ်ဆိုတာကိုလည်း ဘယ်သူမှ သတိထားခဲ့မိကြမှာမဟုတ်ပါဘူး။ 

Google
Google

လူတိုင်းကိုပျော်ရွှင်အောင်လုပ်ပေးတတ်တဲ့ သရုပ်ဆောင်ကြီးRobin Williams ဟာ၂၀၁၄ခုနှစ်ရဲ့လှပတဲ့နွေရာသီ တစ်ရက်ဖြစ်တဲ့ ဩဂုတ်လ၁၁ရက်နေ့မှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။