ပရိတ်သတ်ကြီးရေ မကြာသေးခင်က ထုတ်လွှင့်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ Home Town Cha Cha ဇာတ်ကားလေးကို အခုထိမှတ်မိနေကြဦးမှာပါ။ဒီဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ အဓိက သရုပ်ဆောင်နှစ်ဦးဟာဆိုရင် ဇာတ်ကားထုတ်လွှင့်ပြသနေတဲ့အတောအတွင်းမှာကို အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

မင်းသမီးလေး Shin Min Ah ဟာ  ကမ္ဘာကျော် နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Gucci နဲ့ လက်တွဲခဲ့ပါတယ်။သူမဟာ ကမ္ဘာကျော်နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Gucci ရဲ့ Brand Ambassador တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။မင်းသမီးလေး Shin Min Ah ဟာ ၂၀၁၅ ခုနှစ်ကတည်းကကိုရီးယားအနုပညာလောကရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး ထိပ်တန်းမင်းသမီးတွေထဲက တစ်လက်ဖြစ်ခဲ့ပြီး သူမဟာ Chanel,Givenchy Beauty အပြင် နာမည်ကျော် Brand တော်တော်များများရဲ့ Brand Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

သူမဟာ အနုပညာလောကမှာ အောင်မြင်တဲ့အပြင် အလှူအတန်းရက်ရောပြီး သူမရဲ့ လှူဒါန်းမှုစုစုပေါင်းကို ရေတွက်မယ်ဆိုရင် အခုဆိုရင် 2.3 Billion Won အထိ လှုဒါန်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google

Shin Min Ah ဟာ မင်းသား Kim Woo Bin နဲ့တွဲနေခဲ့တာ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းကလည်း ၇နှစ်ရှိနေပါပြီ။မင်းသမီးလေး Shin Min Ah ဟာ ပရိတ်သတ်တွေရဲ့အားပေးမှုကိုအများဆုံးရတဲ့မင်းသမီးတစ်လက်လည်း ဖြစ်သလို မင်းသား Kim Woo Bin နဲ့သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကလည်း  ပရိတ်သတ်တွေကြားထဲမှာ စံနမူနာယူထိုက်တဲ့အချစ်လို့တောင် တင်စားခံခဲ့ရပါတယ်။

Photo Credit - Google
Photo Credit - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။