တောင်ကိုရီးယား သရုပ်ဆောင်Lee Si Eon ဟာ သူ့ရဲ့ချစ်သူမင်းသမီးSeo Ji Seung နဲ့ အခု၂၀၂၁ခုနှစ်၊နှစ်ကုန်မှာလက်ထပ်တော့မယ်လို့ အေဂျင်စီဘက်က တရားဝင်ကြေညာလိုက်ပါပြီ။မင်းသားLee Si Eon ဟာ အသက်၃၉နှစ်ရှိပြီဖြစ်ပြီး မင်းသမီးSeo Ji Seung ကတော့ အသက်၃၃နှစ်ရှိပြီပဲဖြစ်ပါတယ်။

Google

နာမည်ကြီး သရုပ်ဆောင်နှစ်ယောက်ဟာ တောင်ကိုရီးယားရဲ့ကျွန်းပေါင်း၃၀၀၀ကျော်ထဲက အကြီးဆုံးကျွန်းကြီး တစ်ခုဖြစ်တဲ့  ဂျယ်ဂျူကျွန်းမှာ လက်ထပ်ပွဲသေးသေးလေး ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။လက်ထပ်မယ့်နေ့ကိုတော့ဒီဇင်ဘာလ၂၅ရက်နေ့ ခရစ္စမတ်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ 

Google

တောင်ကိုရီးယား သရုပ်ဆောင်Lee Si Eon နှင့်သူ့ရဲ့ချစ်သူမင်းသမီးSeo Ji Seung တို့ဟာ၂၀၁၈ခုနှစ်ကတည်းက တွဲခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ချစ်သူ ရည်းစားသက်တမ်းဟာ၄နှစ် 

ရှိပြီပဲဖြစ်ပါတယ်။Lee Si Eon ဟာReply , 1997 (2012) အပါအဝင်အခြားဇာတ်လမ်းတွဲတွေမှာလည်း မကြာခဏဆိုသလိုပါဝင်လေ့ရှိပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။