ပင်လယ်ဆိုတာကို မြေပြန့်တွေမှာသာတွေ့ရလေ့ရှိပြီးတောင်ပေါ်ဒေသတွေမှာတော့ တွေ့ရခဲပါတယ်။  တောင်ထိပ်ပေါ်မှာတွေ့ရတဲ့ ပင်လယ်ကြီးကို တိမ်ပင်လယ်လို့ခေါ်ကြပါတယ်။တိမ်အစိုင်အခဲတွေအပြည့်နဲ့ဆို တိမ်ပင်လယ်ကြီးဟာအရမ်းကိုလှပပါတယ်။ 

Credit to Original Uploader 

မြင်ရတဲ့ ကိုယ့်မျက်လုံးကိုတောင်မယုံနိုင်တဲ့ အလှတရားတွေအပြည့်နဲ့ တိမ်ပင်လယ်ဆိုတာလည်း အပြင်မှာတကယ်ရှိပါတယ်။ 

Credit to Original Uploader 

အခုတိမ်ပင်လယ်ဖြစ်နေတဲ့ပုံလေးတွေရဲ့ တည်နေရာလေးကကရင်ပြည်နယ်၊ဘားအံမြို့ကြာအင်းတောင်နှင့်ဇွဲကပင်တောင်ပေါ်မှာဖြစ်ပါတယ်။ထုထည်ကြီးမားတဲ့ တိမ်အစိုင်အခဲကြီးတွေနဲ့လှချင်တိုင်းလှနေတဲ့ တိမ်ပင်လယ်ကြီးဟာ မြင်ရသူတိုင်းအဖို့ရင်သပ်ရှုမောစရာမြင်ကွင်းကြီးပါ။ 

Credit to Original Uploader 

မိုးအကုန်ဆောင်းအကူး ကာလတွေမှာဆိုရင်တိမ်ပင်လယ်တွေပါး သွားတတ်တာကြောင့်သိပ်မလှတော့ဘူးသိရပါတယ်။တိမ်အစိုင်အခဲတွေအရမ်းထူထပ်နေတဲ့အချိန်မှာ တိမ်ပင်လယ်တွေဟာ အလှဆုံးဖြစ်ပြီး ကိုယ့်ရှေ့ကမြင်ကွင်းကိုမမြင်ရတော့တဲ့အထိမှုန်ဝါးနေတတ်ပါတယ်။

Credit to Original Uploader 
Credit to Original Uploader 
Credit to Original Uploader 

အခုအချိန်မှာတော့ ဇွဲကပင်တောင်ကြီးမှာ တောပန်းတွေလည်းပွင့်နေပြီဖြစ်သလို ထုံးကျောက်တောင်တွေမှာပဲ ရှိတတ်တဲ့ကျောက်ခက်ပန်းလေးတွေလည်း ပွင့်နေပြီလို့သိရပါတယ်။အရမ်းကိုလှပတဲ့ ကရင်ပြည်နယ်ဇွဲကပင်တောင်ကြီးရဲ့ တိမ်ပင်လယ်အလှတရားကို အားလုံးကြည့်ရှုခံစားနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ 

Credit to Original Uploader 
Credit to Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။