နှုတ်ခမ်းနီမလေးတွေရဲ့ အသဲနှလုံးကို သိမ်းပိုက်ထားတဲ့ ပရိတ်သတ်တွေရဲ့အချစ်တော် Project K အဖွဲ့ကိုတော့ မသိလောက်သူမရှိလောက်ပါဘူးနော်။

Photo Credit - Project K's Facebook

Project K အဖွဲ့ဟာ ၂၀၁၆ ခုနှစ်ကနေစပြီး အနုပညာလှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။Project K အဖွဲ့ရဲ့ Member တွေအားလုံးဟာ ရုပ်ရည်ချောမောပြီး အဆိုအက ကောင်းမွန်လွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ခဲ့ရပါတယ်။Project K အဖွဲ့ဟာ ၂၀၂၀ ခုနှစ်အောက်တိုဘာလမှာပြုလုပ်ခဲ့တဲ့ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှသီချင်းများ ဖျော်ဖြေရေးပွဲတော်မှာ ဖိတ်ကြားခံခဲ့ရတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

Photo Credit - Project K's Facebook

ဒီတစ်ခေါက်မှာလည်း Project K အဖွဲ့ထဲက Member တစ်ဦးဖြစ်တဲ့ Morris က ပရိတ်သတ်တွေကို Suprise တစ်ခုတိုက်ခဲ့ပါတယ်။သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူသိပ်ချစ်ရတဲ့ကောင်မလေးနဲ့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်​ကြောင်း အသိပေးလာခဲ့ပါတယ်။

Photo Credit _ Morris's Facebook
Photo Credit - Morris's Facebook

Morris ဟာ သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်ကောင်းလွန်းလှတဲ့ ပုံရိပ်လေးတွေကို ချပြခဲ့သလို ပရိတ်သတ်တွေ၊Project K အဖွဲ့ရဲ့တစ်ခြား Members များကလည်း သူတို့နှစ်ဦးအတွက် ဂုဏ်ပြုစာသားများရေးပေးခဲ့ကြပါတယ်။

Photo Credit - Morris's Facebook

သက်ဆုံးတိုင်ပျော်ရွှင်ပါစေ Morris ရေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။