တောင်ကိုရီးယားမင်းသားKi Tae Young ဟာKBS2 ရဲ့"Stars" 'Top Recipe at Fun-Staurant' အစီအစဉ်မှာအလုပ်မအားတဲ့ ဇနီးဖြစ်သူအကြောင်း ထုတ်ဖော်ပြောခဲ့တာပဲဖြစ်ပါတယ်။

Google

သူ့ရဲ့ဇနီးသည်ဖြစ်သူဟာ  Penthouse ဇာတ်လမ်းရိုက်ကူးနေတဲ့ ကာလတွေမှာဆိုရင်အိမ်ကိုတောင်ပြန်မလာနိုင်ဘူးလို့Ki Tae Young က ဆိုပါတယ်။ဇနီးသည်ပြန်မလာနိုင်တဲ့အချိန်တွေမှာဆိုရင်Ki Tae Young တစ်ယောက်အိမ်အလုပ်တွေလုပ်၊ထမင်းဟင်းချက်၊ကလေးထိန်းအားလုံးကိုတစ်ယောက်တည်း လုပ်ရတယ်လို့ ဆိုပါတယ်။ 

Google

" Eugene က အရမ်းအလုပ်မအားဖြစ်နေလို့ ကျွန်တော်သူ့ကို၆လ၇လလောက်မတွေ့ခဲ့တဲ့အချိန်တွေရှိတယ်။အဲဒီအချိန်တွေတုန်းက သူတစ်ရက်လေးတောင်မှ အနားမရဘူး။ဒါကြောင့်အားနေတဲ့ ကျွန်တော်ကပဲ ကလေးထိန်းတာ အိမ်အလုပ်လုပ်တာတွေ လုပ်ခဲ့ရတယ်။"

Google

"ကျွန်တော်တို့လက်ထပ်တုန်း ကတည်းက နှစ်ယောက်ဆုံးဖြတ်ခဲ့တာ။အိမ်အလုပ်တွေ အတူတူမျှလုပ်ကြမယ်ဆိုပြီးပေါ့။ကျွန်တော့် မိန်းမအလုပ်မအားရင်ကျွန်တော်ကအိမ်အလုပ်ကလေးထိန်းတာတွေလုပ်တယ်။ကျွန်တော်မအားရင်ကျွန်တော့်မိန်းမက အိမ်အလုပ်ကလေးထိန်းတာတွေလုပ်မယ်အဲ့လိုမျိုးပါ။ဒါပေမယ့်အမှန်အတိုင်း ပြောရရင်ကျွန်တော်လုပ်ရတာပိုများပါတယ်" 

Google

မင်းသားKi Tae Young ဟာမင်းသမီးEugene နှင့်၂၀၁၁ခုနှစ်မှာလက်ထပ်ခဲ့ပြီးRohee (၇နှစ်) နှင့်Rorin (၄နှစ်) သမီးလေး ၂ယောက် ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google

မင်းသမီးEugene အလုပ်မအားတဲ့ ကာလတွေမှာKi Tae Young ဟာသမီးနှစ်ယောက်ကို အဝတ်ဝတ်ပေး၊ရေချိုးပေး၊ကျောင်းပို့ပေး၊ဟင်းချက်၊အိမ်သန့်ရှင်ရေးတွေလုပ်ပေးရတယ်လို့ဆိုပါတယ်။သမီးနှစ်ယောက်နဲ့အိမ်ရှင်ထီး အလုပ်တွေလုပ်ပေးရတယ်ဆိုပေမယ့်ဇနီးဖြစ်သူကို နောက်ထပ်၃ယောက်မြောက်ကလေးတစ်ယောက်လောက်ထပ်လိုချင်သေးတယ်လို့Ki  Tae Young ကသူ့မိန်းမကို တောင်းဆိုထားပါသေးတယ်။Ki  Tae Young ကတော့ အိမ်ရှင်ထီးလုပ်ရတာတော်တော်ကြွေနေတဲ့ပုံပဲနော်.. 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။