အားလုံးသိကြတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ပရိတ်သတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဝေမျှလာခဲ့ပါတယ်။ထိုသတင်းကောင်းလေးကတော့ သူမရဲ့ ကလေးတွေကို ထားဖို့အသစ်တည်ဆောက်နေတဲ့ သုံးထပ်တိုက်ဟာ ဆောက်လုပ်မှုပြီးစီးတော့မှာ ဖြစ်ပါတယ်။

Photo Credit  - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ကလေးလေးတွေကိုလည်း ဒီဇင်ဘာလောက်မှာ အခုအသစ်ဆောက်လုပ်ထားတဲ့ဂေဟာ အသစ်ဆီကို ‌ရွှေ့ပြောင်းနိုင်တော့မယ်လို့ဆိုပါတယ်။ သူမနဲ့အတူ ပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုလဲ မှတ်တမ်းတင် ဂုဏ်ပြုမိတ်ဆက်ပေးသွားမယ်လို့ ရေးသားထားပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

ပရဟိတ မင်းသမီးခိုင်နှင်းဝေဟာ ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကလေးလေးတွေအတွက် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို ထူထောင်ထားပါတယ်။သူမဟာ ‌ဂေဟာမှာရှိတဲ့ကလေးလေးတွေကို အဖေလိုရောအမေလိုရောပါ မေတ္တာတွေအပြည့်ပေးပြီး စောင့်ရှောက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။မွေးရာပါရောဂါများပါလာတဲ့ မွေးကင်းစကလေးလေးများကိုလည်း ဆေးကုသစာရိတ်အကုန်အကျခံပြီး ကူညီပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ခိုင်နှင်းဝေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး နွမ်းပါးသူများကိုလည်း သူမတတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။