Squid Game လို့ဆိုလိုက်တာနဲ့သည်းထိတ်ရင်ဖို သွေးအေးအေးနဲ့ ကြည့်ရှုရတဲ့ ဇာတ်ကားကို အားလုံးပြေးမြင်မိကြမှာပါ။ဒီဇာတ်ကားထဲမှာဆိုရင် 45.6 billion won ဆုကြေးအတွက် ပဟေဋ္ဌိဆန်ဆန် Survival Game ကစားကြတဲ့ လူတစ်စုကို တွေ့ ခဲ့ရတာ ဖြစ်ပြီး ဒီ Squid Game မှာ Level များစွာပါရှိပြီး ပြိုင်ပွဲဝင်တွေထဲက တစ်ဦးတည်းသောလူကသာ နောက်ဆုံး Level ကိုရောက်ပြီး အသက်ရှင်ကျစ်ရစ်ကာ ဆုကြေးငွေရရှိတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Photo Credit - Google

Squid Game ဇာတ်လမ်းတွဲဟာ Netflix မှာ ကြည့်ရှုသူပေါင်း ၁၁၁ သန်းကျော်ရှိခဲ့ပြီး ဒီဇာတ်လမ်းတွဲကနေ ဝင်ငွေ $900 millions အထိရရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။နိုဝင်ဘာ ၈ ရက်နေ့က Los Angels မှာ ကျင်းပခဲ့တဲ့ SquidGame promotional event မှာ ဒါရိုက်တာ Hwang Dong Hyuk က Squid Game Season 2 ကိုရိုက်ကူးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit - Google

ဒါရိုက်တာ Hwang Dong Hyuk က သူ့အနေနဲ့ ပရိတ်သတ်တွေက Squid Game Season 2 ရိုက်ကူးပေးဖို့ တောင်းဆိုမှုတွေလည်းအများကြီး ရှိပြီး Season 2 ကို အရမ်းမျှော်လင့်နေကြတဲ့ ပရိတ်သတ်တွေအတွက် ဖိအားတွေများပေမယ့်လည်း ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ Squid Game Season 2 ရိုက်ကူးဖို့အတွက် အစီအစဥ်ချနေပြီး ဘယ်အချိန်ရိုက်ကူးဖြစ်မလဲဆိုတာ ပြောဖို့စောပါသေးတယ်လို့ သူကဆိုပါတယ်။

Photo Credit - Google

သူ့အနေနဲ့ ဂတိပေးနိုင်တာကတော့ ဂီဟွန်း(Lee Jung Jae ) ပြန်ပါလာမှာ ဖြစ်ပြီး ကမ္ဘာကြီးအတွက် တစ်ခုခုလုပ်ပါလိမ့်မယ်လို့ ဆိုပါတယ်။Squid Game Season 2 ရိုက်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ လိပ်ပြာမင်းသား Song Kong နဲ့ Penthouse ထဲက မင်းသမီးလေး Han Ji Hyun တို့ကို ဇာတ်ကောင်အသစ်တွေနဲ့ပါဝင်ဖို့ လျာထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit - Google

သတင်းအရင်းမြစ်: Kstar Live

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။