ဟာသသရုပ်ဆောင်လူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ သမီးဖြစ်သူဟာသသရုပ်ဆောင်ဟေမာမန်းဝင်းဟာ ဗိုက်တွေအရမ်းအောင့်လာလို့ ဆေးရုံသွားပြရာမှ အသဲကြီးပြီး ကျောက်ကပ်မှာလည်းကျောက်တည်ချင်နေတယ်လို့သိရပါတယ်။

Hay Mar Mann Win

ဟေမာမန်းဝင်ဟာ မိသားစုစားဝတ်နေရေးအတွက်တစ်နိုင်တစ်ပိုင်အွန်လိုင်းပေါ်ကနေ ဈေးလေးတွေ ရောင်းနေတဲ့သူဖြစ်ပါတယ်။သူမရဲ့ကျန်းမာရေး အခြေအနေကြောင့်ဈေးရောင်းနေတဲ့Live လေးကိုလည်း ခဏနားမယ် ဖြစ်ကြောင်း ဟေမာမန်းဝင်ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ရေးတင်ထားပါတယ်။ 

Hay Mar Mann Win

"ဟေမာကြီးညကဗိုက်တေအရမ်းအောင့်နေလို့ဒီမနက်ဆေးရုံသွားပြတော့အသဲကြီးပြီးကျောက်ကပ်မှာကျောက်တည်ချင်နေတယ်လို့ဆရာဝန်ကပြောပါတယ်ဟေမာကြီးရဲ့ကျန်းမာရေးခြေနေကြောင့်live လေးလည်းခနနားထားမယ်နော်ချစ်တို့ရေ"

Hay Mar Mann Win

ပရိသတ်တွေကလည်း ဟေမာမန်းဝင်းတစ်ယောက်အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့အတွက် ဆုမွန်ကောင်းလေးတွေတောင်းပေးထားကြပါတယ်။

Hay Mar Mann Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။