ကြွေရုပ်လေးလို အပြစ်ပြောစရာမရှိအောင် လှပတဲ့ မင်းသမီးလေး IU ဟာ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် သရုပ်ဆောင် လီဂျီဟွန်း ရဲ့ မင်္ဂလာပွဲကို တက်ရောက်ပြီး ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့ပါတယ်။

Photo Credit - Google

အဆိုတော် သရုပ်ဆောင် လီဂျီဟွန်းရဲ့ မင်္ဂလာပွဲကို ကိုရီးယားအနုပညာရှင်အများအပြားတက်ရောက်ခဲ့ပြီး  အဆိုတော် Lim Chang Jung လည်း ဂုဏ်ပြုသီချင်းတက်ရောက်သီဆိုပေးခဲ့ပါတယ်။အဆိုတော် Lim Chang Jung ဟာ မနေ့ညပိုင်းမှာ Covid Positive အဖြေထွက်ခဲ့တာဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

မင်္ဂလာပွဲမှာတော့  မင်းသမီးလေး IU ဟာ Mask မချွတ်ပဲ ဂုဏ်ပြုသီချင်းသီဆိုပေးပြီး ပြန်လာတယ်လို့သိရှိရပါတယ်။မင်းသမီးလေး IU ဟာ mask မချွတ်ပဲ ဂုဏ်ပြုပွဲတေးသီချင်းသီဆိုခဲ့ပေမဲ့လည်း ပွဲတက်ရောက်ပြီး ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့တဲ့ အဆိုတော် Lim Chang Jung ဟာ Covid Positive ဖြစ်နေတာမို့  မင်းသမီးလေး IU ဟာ သူမရဲ့ Schedule တွေကို ရွေ့ဆိုင်းလိုက်ရပြီး Covid နဲ့ပတ်သက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ခံယူသွားမယ်လို့သိရှိရပါတယ်။သူမရဲ့ Covid စစ်ဆေးမှူနဲ့ပတ်သက်ပြီး အတည်ပြုရလဒ်ကိုလည်း ထုတ်ပြန်သွားမယ််လို့ သိရှိရပါတယ်။

Photo Credit - Google
Photo Credit - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။