ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Erawan လေးမျက်နှာနတ်ကွန်း၆၅နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ယမန်နေ့နိုဝင်ဘာလ၉ရက်နေ့ က ထိုင်းနိုင်ငံ ကိုဗစ်စည်းကမ်း များနှင့်အညီကျင်းပခဲ့တယ်လို့သိရပါတယ်။ 

Credit to Original Uploader

Erawan Shrine လို့ခေါ်တဲ့ လေးမျက်နှာ နတ်ကွန်းဟာ ထိုင်းလူမျိုးတွေရဲ့ယုံကြည်မှုတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ထိုင်းလူမျိုးများကြားမှာသာမက နိုင်ငံခြားသားများကြားမှာပါ နာမည်ကြီးပါတယ်။ဘန်ကောက်မှာ အလုပ်အကိုင်အဆင်ပြေချင်တဲ့သူများကတော့ လေးမျက်နှာ နတ်ကွန်းမှာသွားရောက်ဝတ်ပြုလေ့ရှိပါတယ်။ 

Credit to Original Uploader
Credit to Original Uploader

Erawan နတ်ကွန်းဟာ ဟိန္ဒူနတ်ဘုရားBrahma ပုံစံရုပ်တုဖြစ်ပါတယ်။

Credit to Original Uploader

နတ်ကွန်းကြီးဖြစ်ပေါ်လာပုံ ကလည်းတော်တော်လေး ထူးခြားပါတယ်။၁၉၅၆ခုနှစ်က ထိုင်းအစိုးရကErawan လို့ခေါ်တဲ့ဇိမ်ခံဟိုတယ်ကြီးကို နတ်ကွန်းထားရှိခဲ့ရာ မြေကွက်လပ်ပေါ်တွင်ဆောက်လုပ်ခဲ့ပါတယ်။ဟိုတယ်ကြီးဆောက်နေစဉ်အတွင်း မပြီးနိုင်ဘဲအနှောင့်အယှက်များ မကြာခဏပေါ်တာကြောင့်ဗေဒင်မေးကြည့်ရာ ဗေဒင်ဆရာမှ ထိုမြေကွက်လပ်တွင်ဟိန္ဒူနတ်ဘုရားBrahma နတ်ကွန်းကို ထားရှိမှ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ပြောတာကြောင့်နတ်ကွန်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။၁၉၅၆ခုနှစ်နိုဝင်ဘာလ၉ရက်နေ့မှာ နတ်ကွန်းကြီးဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ 

Credit to Original Uploader
Credit to Original Uploader

လေးမျက်နှာနတ်ကွန်းမှာ ဆုတောင်းရင်ဆုတောင်းပြည့်တယ်လို့ဆိုကြတာကြောင့် နေ့စဉ်နေ့တိုင်း လာရောက်ဆုတောင်းကြသူများဖြင့်နတ်ကွန်းကြီးဟာ စည်ကားလျှက်ရှိပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။