အနုပညာတစ်ခုကို  ပရိတ်သတ်တွေရဲ့ ရင်ထဲထိအောင် ချပြနိုင်ဖို့ဆိုတာ တကယ်တော့ လုံးဝမလွယ်ကူလှပါဘူး။ဒါပေမဲ့ အဆိုတော်ပိုးမီကတော့ သူမဖန်တီးထားတဲ့ အနုပညာနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ထိအောင်လုပ်နိုင်တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Poe Mi's Facebook

ပိုးမီကို  Myanmar Idol Season 1 မှာ အသံပါဝါကောင်းလွန်းလှပြီး သီချင်းများအပေါ် စိတ်နှစ်ပြီး ခံစားသက်ဝင်မှုအားကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုအများဆုံးရရှိခဲ့တဲ့အဆို​တော်တစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာ Myanmar Idol Season 1 ရဲ့ Top Finalists ထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။

Photo Credit - Poe Mi's Facebook

သူမဟာ Myanmar IDOL Season 1 ပွဲအပြီးမှာ သူမဖန်တီးထားတဲ့တေးသီချင်းများနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဆိုတော်ပိုးမီဟာ ဖော်ရွေတတ်ပြီး စိတ်ထားအလွန်ပြည့်ဝတာကြောင့် ပရိတ်သတ်တွေတင်မက သူ့မရဲ့အနုပညာအသိုင်းအဝိုင်းကပါ သူမကိုချစ်ခင်လေးစားကြပါတယ်။

Photo Credit - Poe Mi's Facebook

သူမသီဆိုထားတဲ့အလိုက်တသိ သီချင်းလေးဟာ အခုချိန်ထိ အောင်မြင်နေပြီး ပရိတ်သတ်ရင်ထဲမှာနေရာယူထားတဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။အဆိုတော်ပိုးမီဟာ သူမရဲ့ ဂီတလှုပ်ရှားမှုလေးတွေ၊အလှူအတန်းလှုပ်ရှားမှုပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေတတ်ပါတယ်။နိုဝင်ဘာ ၁၀ ရက်နေ့ဟာ အဆိုတော်ပိုးမီရဲ့ မွေးနေ့ဖြစ်ပါတယ်။ပိုးမီးဟာ ဒီနေ့ဒီအချိန်ထိ ကောင်းမွန်စွာ အသက်ရှင်ခွင့်ရှိနေလို့ ကျေးဇူးပါမေမေလို့ ရေးထားသလို သူမရဲ့ဒီနှစ်မွေးနေ့ လေးဟာ ရိုးရှင်းပေမဲ့လည်း မိသားစုတွေနဲ့ အတူတူရှိနေလို့ နွေးထွေးရကြောင်း သူမရဲ့လူမှုကွန်ယက်ပေါ်ကနေ မျှဝေလာခဲ့ပါတယ်။

Photo Credit - Poe Mi's Facebook

ယနေ့ကျရောက်တဲ့မွေးနေ့မှစပြီး အဆိုတော်ပိုးမီတစ်ယောက် သူမချစ်တဲ့အနုပညာ၊သူမကိုချစ်တဲ့ပရိတ်သတ်၊ချစ်တဲ့မိသားစုနဲ့ သက်ထက်ဆုံး ပျော်ရွှင်ပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ်၊၊

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။