သရဲကားတော်တော်များများမှာ မကြာခဏဆိုသလို ပါလေ့ရှိတဲ့ သရုပ်ဆောင်ခွန်းဆင့်နေခြည်ဟာ တိုင်းတစ်ပါးမှာ နေထိုင်ရတာ အထီးကျန်တယ်လို့ဆိုလာပါတယ်။

Khunn Sint Nay Chi

သရုပ်ဆောင်ခွန်းဆင့်နေခြည်ဟာ အမေရိကန်နိုင်ငံ၊နယူးယောက်မြို့ကို ရောက်ရှိနေတဲ့သူဖြစ်ပြီး အမေရိကားမှာ နေထိုင်ရတာ အရမ်းအထီးကျန်ဆန်ပြီးပျော်သလိုသာ နေထိုင်ရတယ်လို့ သူမရဲ့လူမှုစာမျက်နှာမှာ ရေးတင်ထားပါတယ်။

Khunn Sint Nay Chi
Khunn Sint Nay Chi

"သူများနိုင်ငံမှာနေရတာအရမ်းအထီးကျန်တယ်

ဒါပေမဲ့ပျော်အောင်ကြိုးစားပြီးနေရတာပေါ့ 

တစ်ယောက်ထဲစားလိုက်အိပ်လိုက်ကစားလိုက်

ဘဝကိုကအထီးကျန်ဖို့ဖြစ်လာသလိုပဲ 

အသက်ရှင်နေသ၍မသေဖို့ကြိုးစားနေရအုံးမှာပဲ

လူ့ဘဝဆိုတာဒါပါပဲ•••"

Khunn Sint Nay Chi

သရုပ်ဆောင်ခွန်းဆင့်နေခြည်ဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေခဲ့တာတော်တော်ကြာနေပြီဖြစ်ပြီး တိုင်းပြည်မငြိမ်မသတ်ဖြစ်မှုကြောင့်မြန်မာပြန်မလာနိုင်တာလို့ သိရပါတယ်။အခုဆိုရင်တော့သူမဟာအမေရိကန်နိုင်ငံမှာ စားလိုက်အိပ်လိုက်ကစားလိုက်နဲ့ ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရတယ်လို့သိရပါတယ်။

Khunn Sint Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။