တောင်ကိုရီးယား အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ Lee Ji-hoon ဟာ အသက်၂၈နှစ်အရွယ်Miura Ayane လို့ခေါ်တဲ့ဂျပန်လူမျိုးကောင်မလေးနဲ့ နိုဝင်ဘာလ၈ရက်နေ့ကလက်ထပ်ခဲ့ပါတယ်။

Google
Google

လက်ထပ်ပွဲမှာဆိုရင်အဆိုတော်တွေကိုပါ ဖိတ်ကြားခဲ့ပြီး တခမ်းတနားကို ကျင်းပခဲ့တာပါ။သူတို့မင်္ဂလာပွဲမှာအဆိုတော်IU လည်း ပါဝင်ဂုဏ်ဖျော်ဖြေခဲ့ပါသေးတယ်။ 

Google

Lee Ji Hoon ဟာကိုရိုနာဗိုင်းရပ်စ်ကြောင့်မင်္ဂလာလက်ထပ်ပွဲလုပ်ဖို့ နှစ်ကြိမ်တိတိရွှေ့ခဲ့ရတာပါ။နှစ်ကြိမ်တိတိ ရွှေ့ပြီးတဲ့နောက်မှာတော့ အခုလို ခမ်းနားတဲ့မင်္ဂလာပွဲကိုနိုဝင်ဘာလ၈ရက်နေ့မှာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

Google

Lee Ji Hoon နှင့်သူ့ရဲ့အမျိုးသမီးMiura Ayane ဟာအသက်၁၄နှစ်တိတိကွာပါတယ်။  လူပျိုကြီးLee Ji Hoon ကသူ့ထက်၁၄နှစ်ငယ်တဲ့ ကောင်မလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ 

Google

အဆိုတော်သရုပ်ဆောင်အဖြစ်လူသိများတဲ့ မင်းသားLee Ji Hoon ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွေကNew Heart (2007-2008)၊'Immortal Admiral Yi Sun-shin (2013)၊နှင့်'Oh My Geum-Bi (2016-2017) တို့ဖြစ်ပါတယ်။အခြားဇာတ်လမ်းတွေတော်တော်များများမှာလည်းပါဖူးပါတယ်။ကိုရီယားကား ပရိသတ်တွေဆို သိကြမှာပါ။

Google

သူ့ရဲ့အမျိုးသမီးMiura Ayane ကတော့ ကိုရီးယားစကားပြန်နှင့်ဘာသာပြန်အလုပ်လုပ်နေတဲ့ ဂျပန်လူမျိုးတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။အသက်၄၂နှစ်အရွယ်လူပျိုကြီးမင်းသားLee Ji Hoon ကတော့ လူပျိုကြီးဘဝကနေ ကျွတ်သွားပါပြီနော် 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။