တောင်အာဖရိက နမ်မီးဗီးယား ကမ်းခြေ ကို အရိုးစုကမ်းခြေ ၊ ငရဲတံခါး စတဲ့ အမည်တွေ နဲ့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ ကမ်းခြေဆိုပေမယ့် သဲကန္တာရလို့ပြောလည်းမမှားပါဘူး။ မိုးခေါင်ရေရှား ဒေသဖြစ်ပြီး တစ်နှစ်မှာ မိုရေချိန် ၁၀ မီလီမီတာသာ ရှိပြီး မိုးမရွာသလောက် အခြေအနေဖြစ်တာကြောင့် သတ္တဝါတွေ သေဆုံးရုံတင်မကဘဲ လူတွေလည်း သေဆုံးရပါတယ်။ သင်္ဘောပျက်ပေါင်းများစွာဟာလည်း သဲကန္တာရ ထဲရောက်နေပါတယ်။

သဲကန္တာရထဲကို သင်္ဘောတွေ ဆွဲတင်လာတာ တော့မဖြစ်နိုင်ပါဘူး။ Sea breeze ပင်လယ်ဖက်က တိုက်တဲ့ လေ (သို့မဟုတ်) လှိုင်းတွေရဲ့ သယ်ဆောင်မှုကြောင့် သင်္ဘော တွေဟာ သောင်တင်ပြီး ရေကျသွားတဲ့ အခါ သင်္ဘော ကမ်းတွေကမ်းပေါ် ရောက်နေတာဖြစ်နိုင်ပါတယ်။ 1942 ခုနှစ်က ပေ ၅၃၀ ရှည်တဲ့ ဗြိတိသျှသင်္ဘော Dunedin Star ဆိုတဲ့ သင်္ဘောကို လူတွေဟာ အကြောင်း အမျိုးမျိုးကြောင့် ရေထဲကို သယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း သင်္ဘောကို သယ်ယူဖို့ ကြိုးစား နေစဉ်မှာပဲ တူးဖေါ်သယ်ယူသူ တချို့ သဲနစ်ပြီး သေဆုံးခဲ့ရပါတယ်။ ယနေ့ အချိန်မှာတော့ ကမ်းခြေတစ်ခုလုံး သင်္ဘောပျက်တွေနဲ့ နည်းနည်းတော့ စိတ်ခြောက်ခြားဖွယ်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကလည်း ဒီနေရာကို ခုလိုပဲ သင်္ဘောဟာ မတော်တဆရောက်ရှိလာပြီး သောင်တင်ခဲ့ဖူးပါတယ်။ သူတို့နိုးလာတဲ့အချိန်မှာတော့ သဲပြင်မှာ ရွက်လွင့်နေကြတဲ့ အရိုးစုသင်္ဘောကြီးကိုတွေ့ရှိခဲ့ရတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါကြောင့်ပဲ အရိုးစုတွေကို နေရာအနှံ့တွေ့ရှိနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။