ဆရာဝန်တွေက အမျိုးသမီးရဲ့ အင်မတန်မှ ကြီးမားလှတဲ့ဗိုက်ကြီးကြောင့် ကလေးရှိနေပြီလို့ ထင်ခဲ့ပါတယ်။ တကယ်တော့သူမမှာ ကလေးရှိနေခဲ့တာမဟုတ်ပါဘူး။ Swansea မှ Keely Favell ဟာ အသက် 28 နှစ်ရှိပြီး သူမဟာ အိမ်သုံးကိုယ်ဝန်စစ်ဆေးမှုသုံးကြိမ်တွင် အနုတ်လက္ခဏာပြခဲ့ပါတယ်။ ဒါကြောင့် သူမဟာတဖြည်းဖြည်း ကိုယ်အလေးချိန်တက်လာတယ်လို့ပဲ ယူဆခဲ့ပါတယ်။

သူမရဲ့ ဗိုက်ဟာ ရောင်ရမ်းနေတာကြောင့် Date တ‌ဲ့အချိန်မှာ သူစိမ်းတွေရဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့နောက် လက်တွဲဖော် Jamie Gibbins နဲ့ 10 နှစ်ကြာ အတူလက်တွဲခဲ့တဲ့ Ms Favell ဟာ သူ့ကိုပါ အရှက်တကွ‌ဲဖြစ်ဆစခဲ့မိပါတယ်။ ကျန်းမာစွာ နေပမယ့်လည်း အသက် 14 မှ 22 ထိ ဗိုက်ဟာ ဖောင်းပြီရင် ဖောင်းလာသဖြင့် စိတ်ပူလာပြီး အသက်ရှူရခက်ခဲလာပါတော့တယ်။ ဆရာ၀န်များက သွေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သူမမှာကိုယ်၀န်မရှိခဲ့ပါဘူး။ နောက်ဆုံးတွင် သူမကုိ အာထရာဆောင်းရိုက်ကြည်ရာ အဆီအိတ်ကြီးကို တွေ့ရှိခဲ့ပါတယ်။

သူမဟာ အဲ့ဒီ ကြီးမားလှတဲ့ အဆီအိတ်ကြီးကို လေးနှစ်အကြာမှာတော့ ဖယ်ထုတ်ခဲ့ပြီး နာမည်ကို Mr.Whippy လို့ပေးခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်တွေဟာ 26kg (4st 1lb) အလေးချိန်ရှိတဲ့ ဒီအဆီအိတ်ကို ဖယ်ထုတ်ချိန် သူမဟာ တစ်နာရီကြာ ပုံမှန်ခွဲစိတ်မှုတစ်ခုပဲထင်ခဲ့‌ေပမယ့် ငါးနာရီကြာခဲ့ပါတယ်။ အဲ့တော့ကိုယ့်ရဲ့ဗိုက်က အကြောင်းမသိပဲတဖြည်းဖြည်းနဲ့ ကြီးပြီးရင်ကြီးလာရင်တော့ ကိုယ်၀န်ရှိနေပြီအရင်မထင်ပဲ ဆေးရုံးက ဆရာ၀န်တွေနဲ့ပြသင့်ပါတယ်။ အဲ့ဒီအဆီအိတ်

သတင်းအရင်းမြစ်: Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။