သရုပ်ဆောင် မင်းသားချော စည်ဖြိုးတို့ မိသားစုကတော့ အလှူရေစက် လက်နဲ့မကွာလို့ဆိုရလောက်အောင်ကိုပဲ မကြာခဏလှူဒါန်းလေ့ရှိပါတယ်။သရုပ်ဆောင် စည်ဖြိုးဟာ ချစ်ဇနီးချောလေး ခင်လွှမ်းနဲ့အတူ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားပြီး သူတို့နှစ်ဦးရဲ့ သမီးလေးကလည်း အရမ်းချစ်စရာကောင်းလွန်းတာကြောင့်  ဖိုးဖိုးဖွားဖွားတို့ရဲ့ အသည်းကျော်လေးလည်း ဖြစ်ပါတယ်။

Photo Credit - Ei Thi's Facebook

သရုပ်ဆောင် စည်ဖြိုးရဲ့မိခင် အန်တီဆွေကလည်း အလှူအတန်းတွေကို ရက်ရောစွာနဲ့မကြာခဏ လှူဒါန်းလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

Photo Credit - Ei Thi's Facebook

ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း စည်ဖြိုးတို့ မိသားစုက အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

Photo Credit - Ei Thi's Facebook

အလှူလေးကတော့  လစဥ်လှူနေကျ အလှူလေးဖြစ်ပြီး ပုသိမ်မြို့ တိုက်ကြီးကျောင်းအတွင်း သံဃာတော်များအတွက်  လစဥ် ဆွမ်းစာရိတ် ၁၀ သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ်။ထို့အပြင် ကထိန်အတွက် မတည်ငွေ ၁၅ သိန်းကို လှူဒါန်းခဲ့တဲ့ အပြင် အထွေထွေအသုံးစာရိတ်အတွက် ၂ သိန်း၊ဝတ္ထုအလှူငွေ အဖြစ် ၂၇ သိန်း ကျပ်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်၊၊

Photo Credit - Ei Thi's Facebook

သရုပ်ဆောင်စည်ဖြိုးတို့မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးအတွက် ပရိတ်သတ်တွေလည်း သာဓုခေါ်ပေးကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။