Mae Kampong (မဲကမ်ပေါင်)ဆိုတဲ့ချင်းမိုင်က တောင်ပေါ်ရွာလေးဟာ ချင်းမိုင်မြို့ကနေ ကီလိုမီတာ ၅၀ လောက်သွားလိုက်တာနဲ့ Doi Mon Larn ဆိုတဲ့ တောင်ပေါ်မှာ ရှိပါတယ်။Mae Kampong ရွာလေးဟာ နှစ်ပေါင်း ၁၀၀ ကျော်တည်ရှိခဲ့ပြီး ထိုရွာလေးမှာ Kampong လို့ခေါ်တဲ့ အပင်တွေ တောက်လျှောက်​ပေါက်နေပြီး စမ်းချောင်းတစ်ခုက ဖြတ်ပြီး စီးဆင်းနေပါတယ်။ထိုင်းမြောက်ပိုင်းစကားအရဆ်ို စမ်းချောင်းကို "Nam Mae "လို့ခေါ်ပြီး "Kampong"အပင်တွေလည်း ရှိတာကြောင့်မို့ ထိုရွာလေးရဲ့အမည်ဟာ "Mae Kampong "လို့ခေါ်တာလည်း ဖြစ်ပါတယ်။

Photo Credit - GuessWut

Mae Kampong တောင်ပေါ်ရွာလေးဟာ ချင်းမိုင်ခရိုင် Huai Kaew ရဲ့ ရွာ ၇ရွာရှိသည့်အနက်မှ  သုံးခုမြောက်ရွာဖြစ်ပါတယ်။ချင်းမိုင်မြို့ရဲ့ ကီလိုမီတာ ၅၀ အကွာမှာတည်ရှိပြီးတော့ ရွာရဲ့ ၉၅ ရာခိုင်နှုန်းဟာ ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြပါတယ်။မဲကမ်ပေါင်ရွာကို ၁၉၁၄ ခုနှစ်မှာ တရားဝင်တည်ထောင်ခဲ့တယ်လို့လည်း သိရပါတယ်။မဲကမ်ပေါင်ရွာလေးမှာ စိမ်းလန်းတဲ့တောများရ်ှိပြီး တောကို မြင့်မားတဲ့ တောင်တန်းတွေက ဝိုင်းရံထားတဲ့အပြင် တောရိုင်းတိရစ္ဆာန်မျိုးစုံလည်း ရှိပါတယ်။ဒေသတွင်း နာမည်ကြီးတဲ့အပင်တွေကတော့ သစ်ခွပင်တွေ ဖြစ်ပြီး တောအုပ်ကို ၁၉၉၃ ခုနှစ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာဖြစ်ပြီး ၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းတယ်လို့ သိရှိရပါတယ်။

Photo Credit - GuessWut

မဲကမ်ပေါင်ရွာရဲ့မလှမ်းမကမ်းမှာ စမ်းချောင်းကနေ စီးကျနေတဲ့ သဘာဝရေတံခွန်ငယ်တစ်ခုရှိပြီး ရေတံခွန်ကို အပိုင်း ၇ပိုင်းနဲ့ ခွဲ ခြားထားပါတယ်။ရေတံခွန်ရဲ့ ထိပ်ဆုံးကနေ တက်ရောက်ကြည့်ရှုရင် တောင်တန်းများကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး ရေတံခွန်မှာ အနားယူဖို့ အခန်းများ၊အိမ်သာ၊ရေချိုးခန်းများ ဆောက်လုပ်ပေးထားတဲ့အတွက် အထူးအဆင်ပြေပါတယ်။မဲကမ်ပေါင်ဒေသမှာ ထူး ခြားတဲ့ ထုံးကျောက်တောင်များကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပြီး စမ်းချောင်းမှ ရေများဟာလည်း ထုံးကျောက်တောင်အောက်မှ ထူးထူးဆန်းဆန်း စီးဆင်းနေတာကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။

Photo Credit - GuessWut

ကျောက်တုံးဥယျာဥ်ဟာ ထုံးကျောက်တောင်အနားမှာ တည်ရှိပြီးတော့ သဘာဝအတိုင်း လှပစွာ တည်ရှိနေတဲ့ ကျောက်တုံးများလည်း ဖြစ်ပါတယ်။ကျောက်တုံးများဟာ ဥယျာဥ်သဖွယ် တည်ရှိပြီး လာရောက်လည်ပတ်သူများဟာ ဒီနေရာမှာ ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။မဲကမ်ပေါင်ရွာဟာ ထိုင်းမြောက်ပိုင်းမှာ တည်ရှိပြီး ကွဲပြားတဲ့ ထိုင်းမြောက်ယဥ်ကျေးမှုများလည်း ရှိပါတယ်။ဒေသခံရွာသားများဟာ ထိုင်းမြောက်ပိုင်းဘာသာစကားကို ပြောတတ်ကြပါတယ်။

Photo Credit - GuessWut

မဲကမ်ပေါင်ရွာရဲ့ တစ်ခုတည်းသော ခရစ်ယာန်ဘုရားကျောင်းကတော့ Wat Khantha Phreksa ဖြစ်ပြီး အလွန်ရှေးကျပါတယ်။ ၁၉၅၃ ခုနှစ်လောက်ကတည်းက တည်ဆောက်ထားတာဖြစ်ပြီး ထူး ခြားတဲ့ ထိုင်းမြောက်ဗိသုကာလက်ရာများကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

Photo Credit - GuessWut
Photo Credit - GuessWut

သတင်းအရင်းမြစ်: ဘန်ကောက်လမ်းညွှန်ကိုစိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။