လူနှစ်ယောက်မတည့်ဘူးဆိုရင် ပြန်ခေါ်ဖို့က တော်တော်လေး စဉ်းစားရပါတယ်။ဒီခံစားချက်ကို မာနအရမ်းကြီးတဲ့သူတွေသေချာပေါက်သိမှာပါ။ဒါပေမယ့်Vin Diesel ကြီးကတော့ သူ့ရဲ့ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူငယ်ချင်းPoul Walker ကိုပေးခဲ့တဲ့ ကတိတည်ချင်တာကြောင့်သူနဲ့မတည့်တဲ့မင်းသားကြီးDwayne Johnson (The Rock) ကိုပြန်လည်ဆက်သွယ်ခဲ့ပါတယ်။

Google

ဟောလိဝုဒ်သရုပ်ဆောင်ကြီးVin Diesel ဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့သူငယ်ချင်းကြီးPablo (Paul Walker) ကိုပေးထားတဲ့ကတိကို ဖြည့်ဆည့်ပေးဖို့အတွက်တွဲဖက်သရုပ်ဆောင်ကြီးDwayne Johnson ကိုနောက်တစ်ကြိမ်လောက်သူ့ကိုအခွင့်အရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ 

Google

တနင်္ဂနွေနေ့ကDiesel ဟာ  "The Fate of the Furious " (Fast and Furious series ထဲမှတစ်ခု) ဇာတ်ဝင်ခန်းထဲကသူနဲ့Johnsonတို့ရဲ့ပုံလေးကို တင်ခဲ့ပါတယ်။အဲဒီဇာတ်လမ်းက၂၀၁၁ခုနှစ်လောက်မှာ ရိုက်ထားတာပါ။

Google

အဲဒီဇာတ်လမ်းပြီးတော့ Johnson ဟာရိုက်ကူးရေးလုပ်နေစဉ်အတွင်း  စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့်"Fast 10" ရော"Fast 11" မှာ ပါဝင်ရိုက်ကူးပါဝင်နိုင်မှာမဟုတ်တော့ဘူးလို့ပြောခဲ့ပါတယ်။ 

ဒါပေမယ့်Diesel  ကတော့ သူနဲ့အချိန်အတော်အတန်ကြာမခေါ်ဖြစ်ခဲ့တဲ့Johnson ကို ညီလေးလို့ချော့ကာF&F နောက်ဆုံးဇာတ်လမ်းမှာထပ်မံပါဝင်လာဖို့အခုလိုတောင်းဆိုထားပါတယ်။

Google

"ငါ့ညီလေးDwayne ရေအချိန်ကျလာပြီ။ကမ္ဘာကြီးက Fast 10 ကို စောင့်မျှော်နေကြတယ်။မင်းလည်းသိပါတယ်ဟိုးတုန်းကငါ့ကလေးတွေက မင်းကိုဆိုရင်ဦးလေးDwayne လို့ခေါ်ကြတာ။မင်းတို့တွေ အရမ်းခင်ခဲ့ကြတာလေ။အခုအချိန်ကျလာပြီ။ငါမင်းကိုဟိုးနှစ်ပေါင်းများစွာကပြောခဲ့ဖူးတယ်။  ငါPablo ကိုပေးထားတဲ့ကတိတွေကိုဖြည့်ဆည်းပေးမှာလို့။"

"Fast 10 မှာငါတို့အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်လို့ကတိပေးတယ်ကွာ။ငါမင်းကိုဒီအခွင့်အရေးကို လက်လွှတ်မခံစေချင်ဘူး။Hobbs နေရာမှာမင်းကလွဲလို့ အခြားဘယ်သူမှသရုပ်ဆောင်လို့ရမှာမဟုတ်ဘူး။"

Google

ကံမကောင်းစွာနဲ့Johnsonမှာလည်း၂၀၂၂အတွက်အချိန်ဇယားတွေပြည့်နေတဲ့ပုံပါပဲ။နောက်တစ်နှစ်မှာသူက"Black Adam" နှင့်"League of Super pets" မှာပါဝင်သရုပ်ဆောင်ရမှာပါ။သူ့အချိန်ဇယားတွေပြည့်နေလောက်ပါပြီ။ဒါကြောင့်Diesel ပြောတဲ့အတိုင်းသရုပ်ဆောင်လို့ရချင်မှာရမှာပါ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။