ပရဟိတအလုပ်တွေကို တက်တက်ကြွကြွနဲ့ အားတက်တရောလုပ်ကိုင်နေတဲ့ မင်းသမီးခိုင်နှင်းဝေကို မသိတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ခိုင်နှင်းဝေဟာ ယခုလက်ရှိမှာ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ထူထောင်ထားပြီး ခိုကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးလေးတွေကို စောင်ရှောက်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ မွေးရာပါရောဂါများပါလာတဲ့ မွေးကင်းစကလေးလေးများကိုလည်း ဆေးကုသစာရိတ်များ အကုန်အကျခံကာ ကူညီပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

ဒီတစ်ခေါက်မှာ မင်းသမီးခိုင်နှင်းဝေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ နာမကျန်းဖြစ်နေတဲ့ကလေးလေးကို ရန်ကုန်မှာဆေးကုသဖို့ရန်အတွက် စီစဥ်ပေးခဲ့တယ်လို့ဆိုပါတယ်။ကလေးလေးဟာ ကားမစီးနိုင်တဲ့အတွက် လေယာဥ်နဲ့လာခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Photo Credit - Khine Hnin Wai's Facebook

ခိုင်နှင်းဝေဟာ သူမရဲ့လူမှုကွန်ယက်ပေါ်ကနေ ကလေးလေး ဆေးရုံတက်ခွင့်ရတဲ့အတွက် ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန်များ၊ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။ဆက်လက်ပြီးတော့ အခုလိုအရေးပေါ်ဆေးကုသမှုလိုအပ်နေတဲ့ ကလေးလေးတွေကို ကယ်တင်ပေးနိိုင်အောင် ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ ခုနှစ်ရက် သားသမီးများအားလုံးကိုလည်း လူနာရှင်မိဘများနဲ့ ကလေးများ၊လူနာရှင်များ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ရေးသားထားတာကို ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။