မင်းသားမင်းသမီးတွေ ရုပ်ရှင်ရိုက်ရင်း အပြင်မှာ တကယ်ချစ်သွားကြတဲ့ ဖြစ်ရပ်က ရှိတော့ရှိပေမယ့်တော်တော်လေး ရှားပါတယ်။ ဒါပေမယ့်မင်းသားJi Sung နှင့်မင်းသမီးLee Bo-young တို့ကတော့ အဲဒီရှားမှရှားထဲက တစ်တွဲပါ။

Google

သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်မှာတုန်းက Save the Last Dance for Me ဆိုတဲ့ ဇာတ်လမ်းလေး ရိုက်ကူးရင်းနဲ့ တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဇာတ်လမ်းရိုက်ကူးပြီးပြီးချင်းမှာပဲ မင်းသားJi Sung ကမင်းသမီးLee Bo Young ကို သူ့ရဲ့ကောင်မလေးဖြစ်ပေးနိုင်မလားဆိုပြီး ဖွင့်ပြောခဲ့တယ်လို့သိရပါတယ်။ 

Google

SBS ရဲ့Talk show တစ်ခုဖြစ်တဲ့ Healing Camp ရဲ့ဆယ်ကြိမ်မြောက်broadcast ထဲမှာ Lee Bo Young က သူ့ကိုJi Sung ဖွင့်ပြောခဲ့တာနှင့်ပတ်သတ်ပြီး အခုလိုပြောဖူးပါတယ်။ 

Google

"ကျွန်မက နာမည်ကြီး လူသိများတဲ့သူနဲ့ မတွဲချင်တာကြောင့်ကျွန်မကိုJi Sung လာဖွင့်ပြောတုန်းက ငြင်းခဲ့ပါသေးတယ်။သူကလေ ကျွန်မဆီကိုလာပြီးမဖွင့်ပြောခင်တုန်းက ကျွန်မမန်နေဂျာဆီကိုအရင်သွားပြီး ကျွန်မကိုကြိုက်နေပါတယ်လို့သွားပြောတာ။ကျွန်မရဲ့အချစ်ကို ရဖို့ဆို သူ့ရဲ့အနုပညာလုပ်ငန်းကိုပါ ရပ်နားနိုင်တယ်လို့ပြောတုန်းကဆို ကျွန်မတော်တော်လေးဆွံ့အသွားတယ်"

Google

သူတို့နှစ်ဦးဟာ၂၀၀၇ခုနှစ်မှာ တွဲခဲ့ကြတယ်လို့ အတည်ပြုခဲ့ပြီး၂၀၁၃ခုနှစ်စက်တင်ဘာလ၂၇ရက်နေ့မှာW Seoul Walkerhill Hotel မှာရှိတဲ့Aston House မှာ လက်ထပ်ခဲ့ကြပါတယ်။

Google

သူတို့နှစ်ဦးဟာ၇နှစ်ကြာချစ်ခဲ့ကြပြီးမှ လက်ထပ်ခဲ့ကြတာပါ။မင်းသားJi Sung က မင်းသမီးLee Bo Young ကို စပိန်မှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။စပိန်မှာပဲ အကြိုမင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။ 

Google

Ji Sung နှင့်Lee Bo Young တို့ကြားက အဆုံးအစမဲ့ချစ်ခြင်းက လူတွေအားလုံးကို ငေးကြည့်ပြီး အားကျနေစေအောင်လုပ်နိုင်စွမ်းရှိပါတယ်။Ji Sung က သူ့မိန်းမအကြောင်းပြောနေချိန်မှာ အရမ်းချစ်ဖို့ကောင်းပြီးLee Bo Young ကလည်းသူ့ယောကျာ်းအကြောင်းပြောနေချိန်မှာဆို အရမ်းကိုချစ်ဖို့ကောင်းပါတယ်။သူတို့နှစ်ဦးဟာ အခုဆိုရင်အိမ်ထောင်သက်၈နှစ်ရှိသွားပြီး Kwak Ji Yoo နှင့် Kwak Woo-seong လို့ခေါ်တဲ့ သားသမီးလေး ၂ ယောက်ကိုလည်း ရရှိပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ 

Google
Google

မင်းသားကြီးJi Sung ကလည်း သူတို့လင်မယားနှစ်ယောက်ရဲ့  ၈နှစ်ပြည့်မင်္ဂလာ နှစ်ပတ်လည်လေးကို  အလုပ်တွေမအားတဲ့ ကြားထဲက သူ့  ရဲ့အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မှတ်မှတ်ရရလေးတင်ထားပါခဲ့သေးတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။