Running Man အဖွဲ့ဝင်HaHa လို့ လူအများသိကြတဲ့ Ha Dong-hoon ဟာဆိုရင် ကိုရီးယားမှာ မသိတဲ့လူ မရှိလောက်အောင်ကိုနာမည်ကြီးတဲ့ တောင်ကိုရီးယားရဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။အမြဲတမ်း ပျော်ပျော်နေတတ်ပြီးဟာသတွေအရမ်းလုပ်တဲ့HaHa ဟာ သူ့ရဲ့ကလေးလေးတွေကိုလည်းတုန်နေအောင်ချစ်ပါတယ်။

Instagram 

HaHa နှင့်သူ့ရဲ့ချစ်ဇနီးလေးByul တို့ဟာ၂၀၁၂ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးDream ကို၂၀၁၂ခုနှစ်ဇူလိုင်လမှာ မွေးဖွားခဲ့ပါတယ်။ဒုတိယသားလေးSoul ကိုတော့၂၀၁၇ခုနှစ်မတ်လမှာမွေးဖွားခဲ့ပြီး သမီးလေးSong ကိုတော့၂၀၁၉ခုနှစ်ဇူလိုင်လမှာ မွေးဖွားခဲ့ပါတယ်။

Instagram 

သားသမီးလေး၃ယောက်ရဲ့ နာမည်လေးတွေကိုတော့ ရှေ့ဆုံးက ဖခင်ရဲ့နာမည်Ha နဲ့ပေါင်းပြီးHa Dream ၊Ha Soul နှင့်Ha Song ဆိုပြီးခေါ်ကြပါတယ်။HaHa ဟာ သူ့သားသမီးပုံလေးတွေကို သူ့ရဲ့လူမှုစာမျက်နှာမှာ မကြာခဏတင်လေ့ရှိပြီးသားသမီးတွေကို အင်မတန်မှ သဲသဲလှုပ်တဲ့သူဖြစ်ပါတယ်။ 

Instagram 

HaHa သူ့သမီးလေးနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးကိုလည်း အား လုံးပဲ ကြည့်လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

Instagram

ဗီဒီယိုလေးထဲမှာ HaHa ရဲ့သမီးလေးက သူ့အဖေHaHa ကိုသူရထားတဲ့ မျက်လုံးက အနာလေးတွေကိုပြရင်း တီတီတာတာပြောနေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းHaHa ရဲ့သမီးလေးကို အရမ်းချစ်ပြီး အသဲတွေယားနေကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။