ပြီးပြည့်စုံလွန်းလှပြီး ပရိတ်သတ်တွေကို ချစ်စဖွယ်အမူအရာနဲ့ရော ချောမောမှုနဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ကောင်လေးချောချောလေးBentley Hammington လေးဟာ နိုဝင်ဘာ ၈ရက်နေ့မှာ အသက် ၄ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ချစ်စဖွယ်အမူအရာတွေကို ပိုင်ဆိုင်ထားတဲ့ Bentlay လေးဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ၈ ရက်နေ့မှာမွေးဖွားခဲ့ပြီး ကလေးလေးရဲ့သွေးအမျိုးအစားက အေ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit - Google

Bentley လေးဟာ KBS2 က ထုတ်လွှင့်ရိုက်ကူးခဲ့တဲ့ The Return Of Superman Program မှာ Episode 208 ကနေစပြီး ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။Bentley လေးမှာ အသက်  ၁ နှစ်ကြီးတဲ့ အစ်ကို တစ်ယောက်ရှိပြီး နာမည်ကတော့ William Hammington ဖြစ်ပါတယ်။Bentley တို့ညီအစ်ကိုနှစ်ဦးဟာ The Return Of Superman ကနေ ချစ်စဖွယ်အမူအရာလေးတွေနဲ့ လူသိများလာခဲ့ပြီး အခုဆိုရင် ကိုရီးယားမှာတင်မက ကမ္ဘာတစ်ဝှမ်းလုံးမှာ Fan တွေရဲ့ ချစ်ခြင်းကို ခံရတဲ့ ကလေးလေးတွေလည်း ဖြစ်ပါတယ်။

Photo Credit - Google

Bentley လေးရဲ့ အဖေဟာ Sam Hammington ဖြစ်ပြီး အလုပ်အကိုင်ကတော့ ဟာသလူရွှင်တော် အနေနဲ့လုပ်ကိုင်သလို ဇာတ်ကားတွေလည်း ရိုက်ကူးမှု ပြုလုပ်နေတဲ့သူလည်း ဖြစ်ပါတယ်။Bentley လေးရဲ့ မိဘနှစ်ပါးဟာ William လေးနဲ့ Bentley လေး သူတို့မိသားစုထဲ ရောက်မလာခင်မှာ သားသမီးမရလို့ စိတ်ပူပန်မှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit - Google

ကံကောင်းထောက်မစွာနဲ့  ဖန်ပြွန်သန္ဓေသားအောင်မြင်ခဲ့ပြီး William လေးကို ရရှိလာတဲ့အချိန်မှာ အတိုင်းထက်အလွန် ပျော်ရွှင်ရခဲ့တယ်လို့ဆိုပါတယ်။Samဟာ ငယ်ငယ်လေးကတည်းက မောင်နှမမရှိပဲ တစ်ဦးတည်းသောသားအဖြစ် အထီးကျန်စွာ ကြီးပြင်းခဲ့တာကြောင့် William လေးကိုလည်းမောင်နှမမရှိဘဲ အားကိုးစရာမရှိ အထီးကျန်နေမှာမျိုးကို မလိုလားတဲ့အတွက် Bentley လေးကို ဖန်ပြွန်သန္ဓေသားအနေနဲ့ ထပ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - Google
Photo Credit - Google

Bentlay လေးဟာ အစ်ကို William ရဲ့ အချစ်တော်လေးလည်း ဖြစ်သလို အစ်ကို့ကိုလည်း အသက်ငယ်ငယ်လေးနဲ့ ဂရုစိုက်တတ်တဲ့ ကလေးလေး တစ်ဦးဖြစ်ပါတယ်။Bentlay လေးတစ်ယောက် ဒီနေ့ကျရောက်တဲ့မွေးနေ့မှစပြီး ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကြီးပြင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။