လူရွှင်တော်မိုးစက်ဟာ အလုပ်ကိစ္စတစ်ခုကြောင့်လူရွှင်တော်ကြီးမိုးဒီဆီကို ရောက်နေတဲ့အချိန်မှာ ဘုရားပန်းရောင်းနေတဲ့အသက်၆၄နှစ်အရွယ်အဘွားတစ်ယောက်နဲ့ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဘွားဟာ အသက်ကြီးသော်လည်း မပင်မပန်းဘုရားပန်းတောင်းကြီး ခေါင်းပေါ်ရွက်ကာတစ်လမ်းဝင်တစ်လမ်းထွက်ဘုရားပန်းရောင်းနေခဲ့တာပါ။
ဘုရားပန်းဆိုတဲ့အရာက နေမြင့်လေလေပို့ပြီးနွမ်းလာလေလေဖြစ်ပြီး အကျန်တွေကိုလည်း နောက်ရက်တွေဆက်ပြီး ရောင်းလို့မကောင်းတော့ပါဘူး။ဒါကြောင့်ဘုရားပန်းသည်အဘွားဆီကပန်းတွေအားလုံးကို လူရွှင်တော်မိုးစက်က ဝယ်ယူအားပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘုရားပန်းတန်ဖိုးက၁သောင်းပဲရှိပေမယ့်လှူဒါန်းငွေအနေနဲ့ပါ၅သောင်းပေးခဲ့တယ်လို့လူရွှင်တော်မိုးစက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုတင်ထားပါတယ်။
အလုပ်ကိစ္စနဲ့တစ်ခုနဲ့ဖေကြီးဦးမိုးဒီအိမ်
စောစောလေးရောက်နေချိန်...
ဘုရားပန်းဆိုတဲ့အော်သံကြားတော့
အိမ်ရှေ့ထွက်ကြည့်ချိန်မှာ...
ဘုရားပန်းနည်းနည်းလေးကိုဒန်ဇလားထဲထည့်ပြီး
ရောင်းနေတဲ့အသက်(၆၄)နှစ်အရွယ်
အဘွားတစ်ယောက်ကိုတွေ့လိုက်တယ်။
ဖေကြီးခဏနော်သားလှူဖို့ကြည့်လိုက်ဦးမယ်ဆိုတော့ဖေကြီးဦးမိုးဒီလဲစိတ်ဝင်စားပြီး
အိမ်ရှေ့ထွက်လိုက်လာတယ်။
"အဘွားပန်းရောင်းရရဲ့လား...."
"သိပ်မရောင်းရလို့လက်ကျန်လေးတွေ
ရောင်းနေတာပါ....
ဘုရားပန်းဆိုတာ..အမြတ်ကျန်တဲ့
ပန်းလေးတွေညှိူးကုန်ရင်ရှူံးရောသားရယ်..."
"ဒီပန်းတွေအကုန်လုံးကို
ဘယ်လောက်ရှိလဲအဘွား..."
"သားအကုန်လုံးယူမယ်ဆိုရင်
၁သောင်းဘဲပေးပါသားရယ်...."
"ဟုတ်ကဲ့ရော့...၅သောင်း..."
"ဟာ...အများကြီးဘဲဝမ်းသာလိုက်တာရှင်..."
"အခုလိုဝမ်းသာရအောင်
ကာလဒါနလေးလှူပေးတာပေါ့ဗျာ..."
"ကျေးဇူးတင်ပါတယ်...
ကျွန်မမှာမြောက်ဒဂုံကလာရောင်းရတာ
အခုရက်ပိုင််းထဲသိပ်မရောင်းတော့
စိတ်ညစ်နေတာ..အခုတော့
အရမ်းဝမ်းသာရပါပြီကွယ်..."
ဖေကြီးဦးမိုးဒီကလဲ...
"ကဲအစ်မကြီးဒီထပ်အရောင်းအဝယ်တွေ
ကောင်းပါစေဗျာ..."ဆိုပြီး
ဆုတွေပေးလိုက်ပါသေးတယ်။
ဘုရားပန်းတွေလဲ
ဖေကြီးဦးမိုးဒီအိမ်အတွက်ခွဲဝေပေးလိုက်တော့
"အဖေကြီးတို့ပါပျော်ပြီးကြည်နူးနေရပြီသားရေ"တဲ့
ဖြတ်ခနဲမြင်တွေ့ရပြီး
လှူလိုက်ရတဲ့အလှူကဘယ်အရာနဲ့မှ
တန်ဖိုးဖြတ်လို့မရပါဘူးဗျာ...။
ကျွန်တော်လှူတိုင်း
ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့
မိတ်ဆွေများလဲကျေးဇူးအထူးတင်လျက်ပါခင်ဗျာ။
လူရွှင်တော်မိုးစက်ဟာအခုလိုမျိုးအကူအညီလေးတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်လာရောက်လှူဒါန်းကြတဲ့အလှူရှင်တွေကိုယ်စားလှူဒါန်းပေးတာဖြစ်တယ်လို့သိရပါတယ်။လူရွှင်တော်မိုးစက်ကနေတစ်ဆင့်လှူဒါန်းချင်တယ်ဆိုရင်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာလေးကတစ်ဆင့်သွားရောက်စုံစမ်းကြည့်နိုင်ပါတယ်နော်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။