ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေနဲ့ အားတက်တရော ကောင်းမွန်တဲ့လောကကြီးတစ်ခု ဖြစ်လာဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးနေသူတစ်ဦးဆိုလည်း မမှားပါဘူး။ခိုင်နှင်းဝေဟာ အနုပညာလောကမှာလည်း သူမရဲ့ ပြောင်မြောက်လှပြီးထူးချွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်သလို အခက်အခဲ ဖြစ်နေတဲ့ လူတိုင်းကိုလည်း တတ်နိုင်သမျှ ကူညီပေးတတ်သူတစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ လေးစားမှုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

သူမဟာ ယခုလက်ရှိမှာ ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကလေးလေးတွေအတွက် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို ထူထောင်ထားတဲ့အပြင် ဂေဟာမှာရှိတဲ့ ကလေးလေးတွေကိုလည်း မေတ္တာတရားအပြည့်ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ဂေဟာမှာရှိတဲ့ ကလေးလေးတွေနဲ့ ခိုင်နှင်းဝေတို့ တွဲရိုက်ထားတဲ့ပုံလေးတွေဟာ ဘယ်ပန်းချီရေးလို့မမှီလောက်အောင်ကို သက်ဝင်ပီပြင်လှပါတယ်။

Photo Credit  - Khine Hnin Wai's Facebook

ခိုင်နှင်းဝေဟာ ဒီတစ်ခေါက်မှာလည်း သူမရဲ့ဂေဟာမှာ ရှိတဲ့သမီးလေး နှစ်ယောက်မှာ မွေးလမ်းကြောင်း မိန်းမ မပါတာကို စစ်ဆေးမိတဲ့အတွက် ကလေးလေးတွေကို ပါရမီအထူးကုဆေးရုံကြီးမှာ သွားရောက်ပြသပေးပြီး လိုအပ်တာမှန်သမျှကို ပြုလုပ်ပေးထားတယ်လို့ဆိုပါတယ်။

Photo Credit -Khine Hnin Wai's Facebook

သူမရဲ့ ကလေးလေးတွေအတွက် အမြဲတမ်းစမ်းသပ်ခမယူတဲ့ ကလေးအထူးကု ဆရာဝန်မကြီးကိုလည်း ကျေးဇူးတင်ကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပြီး ကလေးလေးနှစ်ယောက်ဟာ ကုသစဥ်မှာ နည်းနည်းလေး အီစိမ့်ဖြစ်သွားပေမဲ့လည်း အခုတော့ သက်သာနေပါပြီလို့လည်း သူက ဆိုထားပါတယ်။

Photo Credit - Khine Hnin Wai's Facebook

ကလေးလေးနှစ်ယောက်နဲ့ခိုင်နှင်းဝေတို့ ရဲ့ ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကို သူမကိုချစ်တဲ့ပရိတ်သတ်တွေအတွက် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။