ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်ခိုင်ဟာ သူ့ရဲ့အသက် ၆၄ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် အလိုတော်ပြည့်ကျောင်းတိုက်မှာ သာသနာဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်ခိုင်ဟာ အကယ်ဒမီဝါဝါအောင်နဲ့အတူ သာယာချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ဦးအောင်ခိုင်ရဲ့ အန်နီဝါအပေါ် ချစ်ခင်မှု၊ဂရုစိုက်မှုလေးတွေကြောင့် ကြည်နူးမှုပုံရိပ်လေးတွေကြောင့် ပရိတ်သတ်တွေက လေးစားအတုယူရတဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။

 Photo Credit - Original Uploader

အကယ်ဒမီဦးအောင်ခိုင်ဟာ ရုပ်ရှင်လောကမှာလည်း ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်သလို သူသိထားတဲ့ အနုပညာနဲ့ပတ်သက်တဲ့ ပညာအမွေတွေကိုလည်း လက်ဆင့်ကမ်းဝေမျှပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်ပိုင်းမှာလည်း ကာရိုက်တာပီပြင်ပြီး ထူးချွန်စွာ သရုပ်ဆောင်နိိုင်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Original Uploader

အကယ်ဒမီဦးအောင်ခိုင်ဟာ ရုပ်ရှင်ဇာတ်ပို့ဇာတ်ရံလောကသာများအတွက်ကိုလည်း ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပြီး ကူညီပေးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။အကယ်ဒမီ ဦးအောင်ခိုင်တစ်ယောက် မွေးနေ့မှစပြီး အနုပညာအကျိုး၊သာသာနာအကျိုး၊လူမှုအကျိုးကို ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်သူဖြစ်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။