ပရဟိတအလုပ်တွေကို  တက်တက်ကြွကြွလုပ်ကိုင်နေတဲ့ မင်းသမီးခိုင်နှင်းဝေက တောင်ငူဘက်မှာ အရေးပေါ်ဆေးကုသဖို့လိုအပ်နေတဲ့ သွေးမခဲဝေဒနာရှင်လေးကို ဆေးကုသစာရိတ် ငွေကျပ်နှစ်သိန်း ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ခိုင်နှင်းဝေ လှူဒါန်းပေးခဲ့တဲ့ ဝေဒနာရှင်လေးဟာဆိုရင် ပုံမှန်လူတစ်ယောက်မှာ ရှိရမဲ့ သွေးခဲနှုန်း (၂၀) မှာ (၆) ပဲ ရှိတဲ့အတွက် သွေးသွင်းရခြင်း၊ရိုးတွင်းချဥ်ဆီ စစ်ဆေးရခြင်း၊သွေးစစ်ရခြင်းတို့ကို ပြုလုပ်နေရသူလေးလည်း ဖြစ်ပါတယ်။

 Photo Credit - Khine Hnin Wai's Facebook

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာ  အရေးပေါ်လူနာများကို အခမဲ့ပို့ဆောင်ပေးပြီး ကူညီမတည်လှူဒါန်းပေးတဲ့ တောင်ငူမြို့ Save The Trees မှ ပရဟိတညီအစ်ကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်ကြောင်းကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

Photo Credit  - Khine Hnin Wai's Facebook

ခိုင်နှင်းဝေဟာ ယခုလက်ရှိမှာ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကို ထူထောင်ထားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကလေးလေးတွေကို အဖေလိုရော အမေလိုရော မေတ္တာတွေပေးပြီး စောင့်ရှောက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာငွေကြေးမတတ်နိုင်တဲ့ မွေးရာပါရောဂါများပါလာတဲ့မွေးကင်းစကလေးလေးတွေအတွက် ဆေးဖိုးလှူဒါန်းပေးနေတဲ့အပြင် တစ်ဖက်မှာလည်း အခက်အခဲဖြစ်နေသူများကို သူမတတ်နိုင်သလောက်လှူဒါန်းပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။