အဆိုတော်ဟန်းထူးလွင် ခေါ် ကျားပေါက်ဟာ သူ့ဆီကိုပို့လိုက်တဲ့ပရိသတ်တွေရဲ့ doodles လက်ရာလေးတွေကိုအကြံပြုဝေဖန်ပေးရင်း လက်ရာလေးတွေက သူ့ရဲ့လက်ရာနဲ့ လာတူနေတာကို တွေ့ရှိခဲ့ပါတယ်။

Han Htoo Lwin's Facebook

ဆရာကျားဟာ သူ့ဘဝမှာ အရှောင်ဆုံးကသူ့လို တစ်ယောက်ယောက်က လိုက်လုပ်တယ်လို့ ပြောထွက်ရမှာ ကိုပါတဲ့။ကိုယ့်လိုတစ်ယောက်ယောက်က လိုက်လုပ်နေရင်တောင် ငါ့လိုလိုက်လုပ်နေတယ်လို့လည်း မပြောထွက်ရက်ဘူးလို့ ပြောပါတယ်။မိမိကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ဘူးလို့ ခံယူထားတာကြောင့် အခုလိုမျိုးတွေးတာဖြစ်ကြောင်း ဆရာကျားက ဆိုထားပါသေးတယ်။ 

Han Htoo Lwin's Facebook

Doodles ပုံလေးတွေ ဆွဲထားတဲ့သူလေးတွေ အနေနဲ့ အခုလိုမျိုး တောက်လျှောက်ဖြစ်သွားမှာစိုးရိမ်တာကြောင့် နည်းလမ်းလေးတွေ ဝေမျှပေးရတာဖြစ်တယ်လို့ ထပ်ဆောင်းပြောထားပါသေးတယ်။Doodles ဆွဲတဲ့နည်းလမ်းလေးတွေကိုအခုလိုဝေမျှပေးထားပါတယ်။

Han Htoo Lwin's Facebook

ကျနော့်ကိုmessenger ကနေပို့လာတဲ့doodles ပုံလေးတွေပါ။တခြားပို့ထားတာအရင်ကရာနဲ့ချီရှိပါတယ်။Message တွေမှာပြန်ရှာဖို့ကလဲukulele auction တုန်းကအားပေးထားဆဲထားတဲ့msgs တွေရယ်ပြီးတော့အခုရက်ပိုင်းမှရုတ်တရက်အများကြီးဝင်လာတဲ့add me msg တွေရယ်?အများကြီးကြားခံသွားလို့ကျန်တဲ့ပုံတွေမshare ဖြစ်တာပါ။ဒီပုံတွေကမနေ့တနေ့ကမှပို့လာတဲ့ပုံလေးတွေ။  ပို့သူအားလုံးကအကြံပေးဖို့ပြောပါတယ်။တစ်ယောက်ချင်းပြောတာထက်စုပြီးအကြံပေးချင်တာပါ။ဝင်ဆွေးနွေးချင်တဲ့သူလဲအဆင်ပြေအောင်။ 

Han Htoo Lwin's Facebook

ဘာလို့စုပြီးအကြံပေးလို့ရလဲဆိုတော့ကျနော့်ကိုပို့ပေးတဲ့ပုံဆွဲသူ၈၀% လောက်ရဲ့ပြသနာobstacle ကတစ်ခုထဲဖြစ်နေလို့ပါ။အဲ့ဒါဘာလဲဆိုတော့ကျနော့်ပုံတွေနဲ့တူနေတာပါ။ 

ကျနော့်ဘဝမှာအရှောင်ဆုံးကကျနော့်လိုတယောက်ယောက်ကလိုက်လုပ်တယ်လို့ပြောထွက်ရမှာကိုပါ။ကိုယ်လုပ်နေတဲ့အတိုင်းလိုက်လုပ်နေရင်တောင်ကျနော့်ကိုလိုက်ကူးတယ်လို့မပြောထွက်ပါဘူး။ကိုယ်လဲဘာကောင်မှမဟုတ်ဘူးလို့အမြဲတွေးပါတယ်။ 

အခုပုံဆွဲတဲ့သူတွေကျတော့တောက်လျှောက်ဒီတိုင်းကြီးဖြစ်သွားမှာစိုးလို့စောစောစီးစီးပြောရခြင်းပါ။ 

Han Htoo Lwin's Facebook

Concept တို့signature style တို့မပြောခင်လုံးဝcomplete beginner ဆိုရင် 

1. Line ဆွဲတာကျင့်ပါ။အမျိုးမျိုးစမ်းသပ်ပါ။Line ကိုမရဲတရဲဆွဲနေရင်doodle ဟာအင်မတန်ပင်ပန်းပါတယ်။ 

    စမ်းသပ်ပါဆိုတာpen အမျိုးအစားကစပါတယ်။သူများဆွဲတဲ့pen အမျိုးအစားဟာကိုယ်နဲ့ကိုက်ချင်မှကိုက်ပါတယ်။ဥပမာအံကြိတ်ပြီးဖိရေးတတ်တတ်သူဆိုBrush pen အမျိုးအစားနဲ့အဆင်မပြေနိုင်ပါ။ 

2. စိတ်ရှည်ပါ။Doodle ဆွဲတာrelax ဖြစ်ဖို့ပါ။စာမေးပွဲဖြေနေတာမဟုတ်တဲ့အတွက်အမြဲတန်းစာမျက်နှာပြည့်ဖြေနေစရာမလိုပါ။ဆွဲနေရင်းကိုယ့်စိတ်ကrelax မဖြစ်တော့ရင်ကိုယ်ဆွဲတဲ့ပုံမှာပေါ်ပါတယ်။large scale ဆွဲတဲ့သူတွေအဲ့ဒါကောင်းကောင်းသိပါတယ်။ကိုယ့်ပုံကမောနေရင်ကြည့်တဲ့သူလဲမောပါတယ်။ 

3. Cheat လုပ်ပါ။? 

    ကိုယ်ဆွဲမယ့်space ကအကြီးကြီးဆိုLine အကြီးနဲ့ဆွဲပါ။စဆွဲထဲကbox တွေLine တွေကိုကြီးထားပါ။ပြီးမှline အသေးဖြည့်ပါ။(Beginner တွေအတွက်ပြောတာပါစိတ်သက်သာအောင်) 

4. Doodle ကိုကူးဆွဲပြီးpractice မလုပ်ပါနဲ့။ကျနော့်အမြင်အဲ့ဒါဘာမှမထူးပါ။Doodling ကအဓိပါယ်ဖွင့်ရင်အချိန်ကုန်အောင်စိတ်ထဲရှိရာလျှောက်ဆွဲခြင်းပါပဲ။စိတိထဲရှိရာလျှောက်ဆွဲတာတောင်သူများစိတ်ထဲရှိနေတာကြီးလိုက်မဆွဲစေချင်ပါ။လျှောက်ဆွဲတာကနေရောင်းတဲ့အထိpresentable ဖြစ်ချင်ရင်တော့ကိုယ်ဆွဲတဲ့ပုံကဆွဲသူလက်မှတ်ကြည့်စရာမလိုပဲသိတဲ့အထိrecognizable ဖြစ်ရပါမယ်။ကျနော်၂၀၁၇လောက်ကစဆွဲတာအခုထိအိုကေတယ်မထင်သေးပါ။နေ့တိုင်းဆွဲနေရဆဲပါ။ 

5. Enjoy လုပ်ပါ။meditation လိုသဘောထားပါ။ဘာဆွဲမယ်ကြိုစဉ်းစားပြီးဆွဲနေသရွေ့ရိုးရိုးပုံဆွဲတာပဲဖြစ်နေမှာ။ 

Han Htoo Lwin's Facebook

စိတ်ထဲကထွက်လာသမျှလက်ကသူ့အလိုလိုဆွဲနေတဲ့အထိအားတိုင်းဆွဲပါ။သူများကိုပြဖို့မလောပါနဲ့။it takes years. ☺️

ကျနော်ဒီအကြောင်းကိုpodcastဖြစ်ဖြစ်YouTube video ဖြစ်ဖြစ်ထပ်လုပ်ပါမယ်။လောလောဆယ်တော့I hope this helps. 

Much love 

Kp

Han Htoo Lwin's Facebook

နည်းလမ်းလေးတွေက တကယ့်ကို မှတ်သားစရာကောင်းလှ ပြီးတော်တော်အဖိုးတန်လှပါတယ်။ဝါသနာရှင်များအနေနဲ့လည်း ဆရာကျားပြောသလိုလေး လိုက်ဆွဲလို့ ရအောင်ဖော်ပြပေးလိုက်ပါတယ်။ ဆရာကျားရဲ့ အနုပညာနှင့်ဖန်တီးထားတဲ့ Ukulele ဟာလည်း ကန်ဒေါ်လာ ၂၇၅၀၀ ဖြင့် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ဖူးပါတယ်။ 

Han Htoo Lwin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။