ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ရိခေါ်ဒါရ်မြို့တစ်ဖက်ကမ်း အိန္ဒိယနိုင်ငံ၊မိဇိုရမ်ပြည်နယ်၊ဇိုးခေါ်သာရ်ရွာတွင်မြန်မာစစ်ဘေးရှောင်၄၀၀ကျော် နေထိုင်နိုင်မယ့်စခန်း၂လုံး တည်ဆောက်ပေးလျှက်ရှိတယ်လို့သိရပါတယ်။စစ်ဘေးရှောင်စခန်းကြီးရဲ့အကျယ်မှာ ၁၂၀×၁၈၊၁၈၀×၁၈အကျယ်အဝန်း ရှိတယ်လို့သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

ဇိုးခေါ်သာရ်ရွာတွင်  လက်တလောစစ်ဘေးရှောင်နေကြသောပြည်သူများ အယောက်၁၀၀၀ခန့်ရှိတယ်လို့ သိရှိရပါတယ်။စစ်ဘေးရှောင်အများစုဟာ ရွာထဲက ဆွေမျိုးအိမ်တွေမှာ စုပေါင်းနေထိုင်ကြရပြီး တချို့မှာ အိမ်များ ငှားရမ်းနေထိုင်ကြရတယ်လို့ သိရပါတယ်။နေစရာ အဆင်မပြေသောသူများအနေနဲ့လည်း ရွာထဲမှ ကျေးရွာ စာသင်ကျောင်း၄ကျောင်းထဲတွင်နေထိုင်ကြပါတယ်။ 

Credit to Original Uploader

စစ်ဘေးရှောင်များ နေစရာအဆင်ပြေစေဖို့ ပြည်သူများမှ အခုလို လူ၄၀၀ကျော်ဆန့်စစ်ရှောင်စခန်းလေး၂ခုဆောက်လုပ်ပေးကြခြင်းဖြစ်တယ်လို့သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။