တောင်ကိုရီးယားမင်းသား Kim Min Joon ဟာနာမည်ကြီးအဆိုတော်G-Dragon ရဲ့အမ ဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ Dami Kwon နှင့်၂၀၁၉ခုနှစ်မှာ လက်ထပ်ထားတာဖြစ်ပါတယ်။လက်ထပ်ပြီး၂နှစ်အကြာမှာတော့ သူတို့ရဲ့ပထမဦးဆုံးရင်သွေးလေးကို ရရှိပိုင်ဆိုင်တော့မှာပဲ ဖြစ်ပါတယ်။ 

Google

အောက်တိုဘာလ၄ရက်နေ့မှာ Dami Kwon ကသူမရဲ့ အင်စတာဂရမ်ပေါ်မှာ ကလေးလေးရဲ့ အာထရာဆောင်း ဓာတ်ပုံလေးနဲ့အတူ အခုလိုမျိုးလေးရေးတင်ထားပါတယ်။ 

Instagram

"နောက်ထပ်၂လ လောက်နေရင်တွေ့ရတော့မယ့်ကျွန်မတို့ရဲ့ကလေးလေး.. ဖအေတူ သားသားလေးပါ ။သူလေးကို ကျွန်မတို့ကTtorongie လေးလို့ခေါ်ပါတယ်။သားသားနာမည်လေးက Eden လေးပါ။ဖေဖေ Kim Min Joon ရဲ့သားသားလေး Kim Eden လေးပါ" 

Google

တောင်ကိုရီးယားမင်းသားKim Min Joon နှင့်Dami Kwon တို့ဟာဇွန်လ၂၀၁၉ခုနှစ်မှာ တွဲနေကြောင်း အတည်ပြုပြောကြားခဲ့ပြီး အောက်တိုဘာ၂၀၁၉ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။အခုကလေးလေးကတော့ သူတို့နှစ်ယောက်ရဲ့ပထမဆုံး သားဦးလေးဖြစ်ပါတယ်။ 

Google

မင်းသားKim Min Joon ဟာမော်ဒယ်လောက ကနေသရုပ်ဆောင်ပိုင်း ကူးပြောင်းလာခဲ့တဲ့သူဖြစ်ပြီးDamoSurgeon Bong Dal Heeနှင့်  Was It Love ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူ ဖြစ်ပါတယ်။

Google

G-Dragon ရဲ့အမဖြစ်သူ Dami Kwon ကတော့ကိုယ်ပိုင်အမှတ်တံဆိပ်တွေနဲ့ ဖက်ရှင်လောကမှာ နာမည်ကြီးတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။