Adele ဟာ အသက်၃၃နှစ်အရွယ်ရှိတဲ့ ဗြိတိန်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူမမှာသားလေးတစ်ယောက်ရှိပြီးခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားတာလည်း မကြာသေးပါဘူး။သူမရဲ့သီချင်းခွေတွေဟာလည်း သန်း၁၂၀ကျော်  စံချိန်အထိရောင်းရထားပြီးအောင်မြင်မှုတွေရရှိထားပါတယ်။ 

Google

ဂရမ်မီဆုပေါင်းများစွာလည်း ရရှိပိုင်ဆိုင်ထားတဲ့Adele ဟာကိုယ်ခန္ဓာ တုတ်တုတ်ပြည့်ပြည့်လေးပါ။Adele လို့ပြောရင်ကို  တုတ်တုတ်ခိုင်ခိုင်ပုံစံလေးကို အရင်ပြေးမြင်ကြပါတယ်။အခုAdele  ဟာ ပေါင်၁၀၀အထိကျပြီး ပိန်သွားပါပြီ။Adele ဝိတ်ကျသွားတဲ့ ပုံစံကသူမရဲ့ သီချင်းခွေတွေထက်တောင်ပိုပြီး လူပြောများနေပါတယ်။

Google

Adele ဟာ သူမဝိတ်ချရတာဟာ လှချင်လို့မဟုတ်ဘဲ သူမရဲ့စိတ်ပူပင်သောကတွေ ပြေပျောက်စေဖို့အတွက်လို့ သိရပါတယ်။

Google
Google

သူမဟာ စိတ်ညစ်လာရင်လေ့ကျင့်ခန်းလုပ်ပြီး လေ့ကျင့်ခန်းတွေလုပ်နေမှသာ စိတ်ကနေလို့ကောင်းသွားတယ်လို့ ဆိုထားပါတယ်။အခုလိုဝိတ်တွေချလိုက်တာနှင့်ပတ်သတ်ပြီး ကွာရှင်းလိုက်တဲ့ သူမရဲ့အမျိုးသားဖြစ်သူကြောင့်လားဆိုပြီး သုံးသပ်ထားကြတဲ့သူတွေ လည်းရှိပါတယ်။ဒါပေမယ့်Adele ကတော့ဘယ်သူ့အတွက်ကြောင့်မှမဟုတ်ဘဲ သူမတစ်ယောက်တည်းအတွက်လို့ဆိုထားပါတယ်။ 

Google

Adele ဝိတ်ချခဲ့တဲ့အချိန်က၂နှစ်ဖြစ်ပြီး၂နှစ်တာကာလအတွင်းမှာပေါင်၁၀၀အထိချနိုင်အောင်ဆောင်ရွက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဝိတ်ချပြီးတဲ့နောက်မှာAdele ပုံစံလေးကလည်းအရမ်းကိုနုဖပ်သွားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။