အားလုံးသိပြီးသားဖြစ်တဲ့ မင်းသမီးချောလေး Ho Yeon Jung ဟာ Netflix ကထုတ်လွှင့်တဲ့ Squid Game ဇာတ်ကားနဲ့ အောင်မြင်မှုရရှိလာခဲ့တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။Squid Game ထဲမှာ သူမဟာ မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဇာတ်ကောင်အနေနဲ့  သရုပ်ဆောင်ထားပြီး ၄၅.၆ ဘီလီယံကို ပိုင်ဆိုင်ဖို့ အသက်ကိုလောင်းကြေးထပ်ကစားရတဲ့  ကစားပွဲမှာ ကစားသမားအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo Credit - Google

သူမဟာ Squid Game ထုတ်လွှင့်ပြသပြီးနောက်ပိုင်းမှာ သူမရဲ့ Instagram Follower အဆ ၂၀ခန့်တက်လာခဲ့ပြီး Follower ၂၂ သန်းကျော်ဖြင့် Follower အများဆုံး မင်းသမီးတစ်လက်လည်း ဖြစ်လာပါတယ်။

Photo Credit - Google

မင်းသမီး Ho Yeon Jung ဟာ TC candler entertainment က ထုတ်ပြန်တဲ့ ၂၀၂၁ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသမီး ၁၀၀ ဆန်ကာတင် စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။TC candler entertainment ဟာ နှစ်စဥ်နှစ်တိုင်း ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် အမျိုးသားနဲ့ အမျိုးသမီးစာရင်းကို သူတို့ရဲ့ Instagram ကနေ ထုတ်ပြန်ကြေညာလျက်ရှိပါတယ်။

Photo Credit - Tc candler Instagram

မင်းသမီး Ho Yeon Jung အတွက်  ၂၀၂၁ ခုနှစ်က သူ့မအတွက် အောင်မြင်မှုတွေနဲ့အတူ ကံကောင်းခြင်းတွေ ရောက်လာတဲ့ နှစ်တစ်နှစ်လို့တောင် ဆိုရပါလိမ့်မယ်။Ho Yeon လေးရေ ဒီထက်မက အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။