အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ Mark Bryan ဆိုတဲ့ အင်ဂျင်နီယာ တစ်ယောက်ဟာ ကျားကျားလျားလျားယောကျာ်းကြီး တစ်ယောက်ဖြစ်ပေမယ့် ဒေါက်ဖိနပ်စီးပြီးစကတ်ဝတ်ရတာကို အရမ်းကြိုက်နှစ်သက်ပါတယ်။

Google
Google

မိန်းကလေးတွေ ယောကျာ်းလေး အင်္ကျီဝတ်ရင်ဘာမှမဖြစ်ပေမယ့်ယောကျာ်းလေးတွေ မိန်းကလေးအင်္ကျီဝတ်ရင်တော့ ဂေးလို့ အထင်ခံရပါတယ်။ဒါပေမယ့် Mark Bryan ကတော့ ဂေးလုံးဝမဟုတ်ပါဘူး။ သူကလက်ထပ်ထားပြီး သားပါ။သမီးလေးလည်း ရှိပါတယ်။လုံးဝStraight စစ်စစ်ပါ။

Google
Google

Mark Bryan ဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့သူဖြစ်ပေမယ့်ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့သူ ဖြစ်ပါတယ်။သူကအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အလုပ်သွားတဲ့အချိန်တိုင်း အပြင်ထွက်တိုင်း စကတ်နှင့်ဒေါက်ဖိနပ်အမြင့်ကို အမြဲတမ်းဝတ်လေ့ရှိပါတယ်။

Google
Google

Mark Bryan သတ်မှတ်ထားတဲ့ အဝတ်အစား စံညွှန်းဆိုတာကျား/မခွဲခြားထားတာမျိုးမရှိဘဲ ကိုယ်ကြိုက်တဲ့ ပုံစံဝတ်တာမျိုး ဖြစ်တဲ့ပုံပါပဲ။ဒါကြောင့်ခုလိုမျိုး စကတ်ဒီဇိုင်းမျိုးစုံနဲ့ဒေါက်ဖိနပ်ကို အမျိုးသားဖက်ရှင်ပုံစံမျိုးဝတ်ရဲတာပါ။

Google
Google
Google

ပုံလေးတွေက လုံးဝကို ယုံကြည်မှု အပြည့်ပဲနော်။ ဖက်ရှင်ကလည်း မိမိုက်နေရော။ နောက်ပိုင်းကျရင် Mark Bryan လိုမျိုး အမျိုးသားတွေ စကတ် ဝတ်မလာနိုင်ဘူးလို့လည်း ပြောမရနိုင်ပါဘူး ။ ဘာလို့ဆို ဖက်ရှင်ဆိုတာ အမြဲ ရှင်သန်နေလို့ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။