တောင်ကိုရီးယား မင်းသမီး Han Ji Hye လို့ပြောလိုက်တာနဲ့ရယ်လိုက်ရင် မျက်လုံးလေး မှေးမှေးသွားတဲ့ သူမရဲ့ အပြုံးချိုချိုလေးကို အရင်ဆုံး မှတ်မိကြမှာပါနော်။ တောင်ကိုရီးယားမင်းသမီး Han Ji Hye ဟာ၂၀၁၀ခုနှစ်တုန်းက သူမထက်အသက်၆နှစ်ကြီးတဲ့ သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။သူမရဲ့အမျိုးသားက နာမည်ကြီးတဲ့သူမဟုတ်ဘဲ ရိုးရိုးအပြင်လောကကရှေ့နေ တစ်ယောက်ဖြစ်ပါတယ်။ 

Instagram

အိမ်ထောင်သက်၁၁နှစ်ပြည့်ပြီးတဲ့နောက်မှာတော့မင်းသမီးHan Ji Hye ဟာသမီးလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။အခုဆိုရင် မင်းသမီးHan Ji Hye ရဲ့အသက်က ၃၇နှစ်ရှိပါပြီ။ အသက်ကြီးမှ မွေးဖွားလာခဲ့တဲ့ သမီးလေး ဖြစ်တာကြောင့် မင်းသမီးHan Ji Hye တစ်ယောက် သူမရဲ့သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ အရမ်းကိုချစ်နေတာပါ။ 

Instagram
Instagram

သမီးလေးကို စတင်မွေးဖွားခဲ့တဲ့နေ့မှာဆိုရင်ပျော်လွန်းလို့မေမေHan Ji Hye တစ်ယောက်ငိုတောင်ငိုပါတယ်။ချစ်လည်း ချစ်ချင်စရာကိုး။ သမီးလေးကလည်းသူနဲ့မျက်နှာပေါက်ချင်းတော်တော်လေးတူတယ်နော်။

Instagram
Instagram 

Han ji Hye ဟာ သမီးလေးကို စတင်မွေးဖွားခဲ့စဉ်ကတည်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သမီးလေးနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေ အမြဲတင်လေ့ရှိပါတယ်။သူမရဲ့သမီးလေးကို ဇွန်လ၂၃ရက်နေ့၂၀၂၁ခုနှစ်မှာ ဆိုးလ်မြို့က ဆေးရုံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။Han Ji Hye အရမ်းချစ်တဲ့သူမရဲ့သမီးလေးနာမည်က  Yoon-seul လေးလို့သိရပါတယ်။ချစ်စရာလေးနော်။ 

Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။