Twilight မင်းသမီးKristen Stewart ကသူမချစ်ရတဲ့သူနဲ့စေ့စပ်လိုက့်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။Kristen Stewart ဟာလူသိများတဲ့ဟောလိုဝုဒ် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပြီး Kristen Stewart ရယ်လို့ လူသိများခဲ့တဲ့ ဇာတ်လမ်းကTwilight ဇာတ်လမ်းနဲ့ဖြစ်ပါတယ်။မင်းသမီးKristen Stewart ဟာ မကြာခင်မှာ ထွက်ရှိလာမယ့် Spencer ဇာတ်လမ်းထဲမှာလည်းဒိုင်ယာနာ မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Google

သူမဟာ လိင်တူစိတ်ဝင်စားတဲ့LGBT တစ်ယောက်အဖြစ်သတ္တိရှိရှိ ခံယူထားတဲ့ သူဖြစ်ပြီး အခုအချိန်မှာလည်း ချစ်ရသူ Dylan Meyer နဲ့စေ့စပ်လိုက်ပြီဖြစ်ကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။

Google

မင်းသမီးKristen Stewart ဟာအသက်၃၁နှစ်ရှိပြီဖြစ်ပြီးစေ့စပ်ကြောင်းလမ်းခဲ့တဲ့ အကြောင်းကို အင်္ဂါနေ့ညက'The Howard Stern Show' အစီအစဉ်မှာ​ ကြေညာခဲ့တာဖြစ်ပါတယ်။ 

Google

အခုလိုမျိုး အမျိုးသမီးနှစ်ယောက် လက်ထပ်တာနှင့်ပတ်သတ်ပြီးထင်မြင်ချက်ကို ပြောရမယ်ဆိုရင် အချစ်တစ်ခုတည်းကြောင့် လက်ထပ်တာဖြစ်လို့ သူမရဲ့စိတ်ထဲမှာ တိကျတဲ့အဆိုပြုချက်မရှိဘူးလို့ ပြောပါတယ်။အမျိုးသမီးနှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရာမှာ ထူးဆန်းတဲ့ ကျားမအခန်းကဏ္ဍကို ဘယ်သူက ဖြည့်ဆည်းပေးမယ်ဆိုတာကို သိနိုင်မယ့်သူ မရှိလောက်ဘူးလို့လည်း ဆိုထားပါတယ်။တကယ်ချစ်တဲ့ အချစ်တစ်ခုတည်းကို ရွေးချယ်ခဲ့တဲ့သူတို့ချစ်သူနှစ်ယောက်ကတော့ ထိုကဲ့သို့တွေးတောခြင်း၊  ပြုမူခြင်းမျိုး ဘယ်တော့မှရှိလာမှာ မဟုတ်ဘူးလို့လည်း  Stewart ကထပ်ဆောင်းပြောထားပါသေးတယ်။

Google

မင်းသမီးStewart နှင့်သူမရဲ့ချစ်သူDylan Meyer တို့ရဲ့ဆက်ဆံရေးကို အင်စတာဂရမ်မှာ အနမ်းလေးပေးထားတဲ့ဓာတ်ပုံလေးကနေ စတင်ပြီး လူတွေ သိလာကြတာဖြစ်ပါတယ်။Stewart နှင့်Meyer တို့ဟာ ပြီးခဲ့တဲ့၂၀၁၉ခုနှစ်တုန်းက Los Angeles က ပါတီပွဲတစ်ခုမှာ တွေ့စုံခဲ့ကြရာကနေ စတင်တွဲခဲ့ကြတာလို့ သိရပါတယ်။

Google

"ကောင်းတဲ့အရာတွေဆိုတာ မြန်မြန်ဆန်ဆန်ဖြစ်လာတယ်"ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို၂နှစ်တာ အချိန်အတွင်းအမြန်ဆုံး အရှိန်မြှင့်ခဲ့ကြတာလို့Stewart ကပြောပါတယ်။တကယ်ကို"Love is Love " ဆိုတာကို အကောင်းဆုံးအဓိပ္ပါယ် သတ်မှတ်နိုင်ကြတဲ့ စုံတွဲလေးပဲနော်။ချစ်ဖို့ကောင်းလိုက်တာ။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။