ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ ဆိုရင်ဆေးဆက်လက်မကုသနိုင်တော့တဲ့  ကလေးငယ်လေးကို တာဝန်ယူသပေးမယ်လို့သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။ကလေးငယ်လေးဟာစစ်ကိုင်းတိုင်း ကလေးမြို့နယ်၊တောင်းဦးရွာဘက်ကဖြစ်ပြီး သားယောကျာ်းလေးဖြစ်တယ်လို့ သိရပါတယ်။အုပ်ထိန်းသူများအနေနဲ့ ငွေကြေးပြဿနာကြောင့်ကလေးငယ်လေးကို ဆေးဆက်လက် မကုသနိုင်တော့တာကြောင့်အခုလိုမျိုး ခိုင်နှင်းဝေက တာဝန်ယူ ကုသပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ အခုလိုလေးဖော်ပြပေးထားပါတယ်။ 

Khine Hnin Wai

"ဆေးဆက်လက်မကုသနိုင်တော့တဲ့စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ဦးရွာဘက်ကသားလေးက်ို  ဆက်လက်ဆေးကုသပေးဖြစ်ပါမယ်ရှင်...ခုနှစ်ရက်သားသမီးအားလုံးရဲ့ကုသိုလ်များပေါင်းပြီးအမှန်တကယ်အရေးပေါ်များကိုတတ်နိုင်သလောက်ကူညီလှူဒါန်းပေးရင်းသားလေးလဲအမြန်ဆုံးကျန်းမာပါစေရှင်....???…"

Khine Hnin Wai

ပရဟိတမင်းသမီး ခိုင်းနှင်းဝေဟာ အနယ်နယ်အရပ်ရပ်ကအခက်အခဲဖြစ်နေကြတဲ့ အကူအညီလိုအပ်နေသူများ အားလုံးကို ခုနှစ်ရက်သားသမီးများ ကိုယ်စား ကူညီလှူဒါန်းပေးနေတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်းသူမရဲ့ အလှူကိုပိုပြီးတိုးချဲ့နိုင်အောင်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါတယ်။အခုသူမ ကူညီပေးမယ့် ကလေးလေးလည်း သက်ရှည်ကျန်မာလာစေဖို့ဆုမွန်ကောင်းတောင်းပေးပါတယ်။

Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။