မကြာသေးမီက ကုန်းမြင့်သာတွေ့ဆုံပွဲ တတ်ရောက်ခဲ့တဲ့ပုံတွေနဲ့ လူအများရဲ့ အပြောအဆိုခံနေရတဲ့ ရန်အောင်ဟာဖြေရှင်းချက်တစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။
ဖြေရှင်းချက်ထဲမှာ ကုန်းမြင့်သာတွေ့ဆုံပွဲကို တတ်ရောက်ခဲ့တာ သူ့ရဲ့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ မလွတ်မြောက်သေးတဲ့ အနုပညာရှင်မောင်နှမများအတွက်လို့ မင်းသားကြီးရန်အောင်ကဆိုထားပါတယ်။ ရန်အောင်ပြန်လည်ဖြေရှင်းထားတဲ့အကြောင်းကို အောက်မှာဖတ်ကြည့်သွားနိုင်ပါတယ်။
ကျွန်တော်ရန်အောင်ရဲ့"သစ္စာစကား"ပါခင်ဗျာ..
ဇေယျာသီရိဗိမ္မာန်မှာတွေ့ဆုံပေးဖို့
ဖိတ်ကြားခံခဲ့ရပါတယ်၊
အချိန်တော်တော်ကြာကြာစဉ်းစားခဲ့ရပါတယ်၊
မလွတ်မြောက်သေးတာကြာပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့
အနုပညာညီအစ်ကိုမောင်နှမတွေအတွက်
ပြောဆိုတင်ပြဖို့အခွင့်အရေးလေးတစ်ခု
"ရနိူင်ခဲ့ရင်"ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့
အဲ့ဒီကိုသွားမယ်လို့ ဆုံးဖြတ်သွားရောက်ခဲ့ပါတယ်၊
ဒိထက်ပိုပြီးဘာအပေးအယူ
ဘာမျှော်လင့်ချက်မှမရှိခဲ့ပါဘူး..၊
မျှော်လင့်ထားသလိုမလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေအမြန်ဆုံးလွတ်မြောက်ဖို့အရေးကိုသက်ညှာစွာထောက်ထားစဉ်းစားပေးဖို့
ပြောဆိုခွင့်ရခဲ့ပါတယ်..
ဒါဟာအဲ့ဒီကိုသွားရောက်ခဲ့တဲ့အကြောင်းရင်းမှန်ကန်တဲ့
ကျွန်တော့်ရဲ့"သစ္စာစကား"ပါ...
အခုလိုစိတ်စေတနာမှန်သောဤသစ္စာစကားကြောင့်
ကိုယ်စိတ်နှလုံးအေးချမ်းစွာ လိုရာပြည့်ပါရစေခင်ဗျာ...
?????? ?????? ?????? ?????? ??????
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်ဗျာ..
ရန်အောင်ရဲ့ ဖြေရှင်းချက်ကိုတော့ လူတော်တော်များများကအားမရ ဖြစ်နေကြပါတယ်။ ရန်အောင်ဟာ ဖေဖော်ဝါရီလပိုင်းလောက်က ပြည်သူနဲ့အတူတူရပ်တည်ခဲ့တဲ့ မင်းသားအဖြစ်လူသိများခဲ့သလို အခုအချိန်မှာလည်း ပြည်သူ့ အဝေဖန်ခံရဆုံးမင်းသား အဖြစ်ရှေ့ဆုံးမှာ ပြေးနေပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။