တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီးLee Min Jung နှင့်Lee Byung Hun တို့ဟာ လက်မထပ်ခင်မှာ ၃နှစ်တိတိလမ်းခွဲခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ဒီအကြောင်းကိုJTBC ရဲ့Gamsung Camping မှာ မင်းသမီး Lee  Min Jung က ထုတ်ဖော်ပြောကြားဖူးပါတယ်။ 

Google

Lee Min Jung ဟာမင်းသား Lee Byung Hun နှင့်သူမအသက်၂၅နှစ်မှာ စတင်တွဲခဲ့တာဖြစ်ပါတယ်။တွဲခဲ့ပြီးတော့ သူမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရုပ်ရှင်မင်းသမီးလုပ်မယ်လို့ ရွေးချယ်ခဲ့တာကြောင့်သူတို့နှစ်ဦးဇာတ်လမ်းကို အဆုံးသတ်ခဲ့ရတယ်လို့ ပြောပါတယ်။

" ကျွန်မတို့တွဲတာ တစ်နှစ်ရှိနေတဲ့အချိန်မှာပေါ့နော်..  Byung Hun ကလည်းနိုင်ငံခြားမှာအကြာကြီးရုပ်ရှင်သွားရိုက်ရမယ်။ကျွန်မကလည်း အနုပညာလောကထဲ စဝင်မှာဆိုတော့အာရုံစိုက်ရမယ်။ ဒါကြောင့်သူက ပြောတယ်။"မင်းလက်ထပ်ဖို့အဆင်သင့်မဖြစ်သေးဘူး မဟုတ်လား" တဲ့.. ဒီလိုနဲ့ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်  မတွေ့ဖြစ်ကြတော့ဘူး။"

— Lee Min Jung

Google

အဲဒီအချိန်တုန်းက မင်းသမီးLee Min Jung ကသူမနှင့်  Lee Byung Hun တို့ ဝေးသွားကြပြီလို့ မျှော်လင့်ခဲ့တယ်လို့သိရပါတယ်။၃နှစ်ကြာပြီးတဲ့နောက်မှာတော့ Lee Byung Hun ကသူတို့ရဲ့ဆက်ဆံရေးကို ပြန်လည်အသက်သွင်းခဲ့တာကြောင့်နောက်တစ်ကြိမ်ထပ်ပြီး ပြန်ဆက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"Byung Hun နိုင်ငံခြားမှာရုပ်ရှင်ရိုက်ပြီးတော့ သူကျွန်မကိုပြောတယ်။ ကိုရီးယားပြန်ရောက်တာနဲ့ တွေ့ကြရအောင်တဲ့။ကျွန်မတို့ပြန်တွေ့ဖြစ်ကြတဲ့အချိန်က ၃နှစ်ကြာပြီးမှပါ။ပြန်တွေ့တွေ့ပြီး သိပ်မကြာခင်မှာ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။

— Lee Min Jung

Google

သူမဟာ တောင်ကိုရီးယားမင်းသားLee Byung Hun နှင့်၂၀၁၃ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။လက်ထပ်တာနောက်ကျရတဲ့အကြောင်းအရင်းကလည်း သူမရဲ့မင်းသမီးဖြစ်လာချင်တဲ့ရည်ရွယ်ချက်ကြောင့်လို့ ဆိုထားပါတယ်။

အရိုးရှင်းဆုံး ပြောရရင်ကျွန်မလက်ထပ်တာကို အချိန်အကြာကြီးဆွဲထားမိတယ်။အဲဒီအချိန်တုန်းက ကျွန်မကအလုပ်တွေလည်း ဆက်လုပ်ဖို့ရှိနေသေးတယ်။Byung Hun ကပြောတယ်သူ့ကို လက်ထပ်ချင်လား။လက်မထပ်ချင်ဘူးလားတဲ့။ကျွန်မသာ လက်ထပ်ချင်တယ်ဆို သူစောင့်နေပေးပါမယ်တဲ့။ 

— Lee Min Jung

Google

မင်းသမီးLee Min Jung ကို ဘာလို့မင်းသားByung Hun ကို လက်ထပ်ဖို့ရွေးခဲ့တာလဲဆိုတာကို မေးတဲ့အခါမှာလည်းအခုလိုဖြေထားပါတယ်။

ကျွန်မဘဝမှာ လူတစ်ယောက်ကို ထပ်ပြီးဒီလောက်အများကြီးချစ်နိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ကျွန်မက အလုပ်လုပ်ရတာကိုပဲ သဘောကျတာလေ။အခုပြန်တွေးကြည့်လိုက်တော့ကျွန်မလိုလူက အဲဒီအချိန်မှာ သာလက်မထပ်ဖြစ်ခဲ့ရင်ဘယ်တော့မှ လက်ထပ်ဖြစ်တော့မှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်။"

— Lee Min Sung

Google

မင်းသမီးLee Min Sung နှင့်မင်းသားByung Hun တို့ရဲ့တကယ့် လက်တွေ့ဇာတ်လမ်းလေးကတော့ ရုပ်ရှင်တကားကြည့်နေရအောင်ကို ဆန်းကြယ်လွန်းလှပါတယ်။ မင်းသားကြီး  Byung Hun ကလည်း တကယ်သူ့ကောင်မလေးကို ချစ်ရှာတာ။ ရအောင်စောင့်ပြီးတော့ကို လက်ထပ်တာနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။