အားလုံးပဲဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မြန်မာမှန်ရင် မသိတဲ့လူမရှိတဲ့ မုန့်ဟင်းခါးရဲ့လူတော်တော်များများ မသိကြသေးတဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။ 

Credit to Original Uploader

မုန့်ဟင်းခါးကိုကုန်းဘောင်ခေတ်စာဆိုစလေဦးပုညရဲ့ လင်္ကာတစ်ခုထဲမှာ စောဦးပိုင်းအနေနဲ့ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။မုန့်ဟင်းခါး စတင်ပေါ်ပေါက်ရာနေရာနှင့်မုန့်ဟင်းခါးကို စတင်ချက်ပြုတ်တီထွင်ခဲ့တဲ့သူ အမည်ကိုတော့ ကျောက်စာသမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားခြင်းမရှိတာကြောင့်မသိရှိရပါဘူး။ရှေးနန်းတွင်းစားသောက်ဖွယ်နာမည်တွေ ထဲမှာလည်းမှတ်တမ်းတင်ထားခြင်း မရှိတာကြောင့်မုန့်ဟင်းခါးကို သာမန်အရပ်သူအရပ်သားစားစရာ အဖြစ်ယူဆထားကြပါတယ်။

Credit to Original Uploader

စာဆိုတော်စလေဦးပုညရဲ့ လင်္ကာထဲမှာတော့ မုန့်ဟင်းလို့ခေါ်ဝေါ်သုံးနှုန်းထားကြောင်း သိရှိရပါတယ်။မုန့်ဟင်းခါးဟာအရမ်းကို စားရတာအရသာရှိလွန်းလှတဲ့ မြန်မာလူမျိုးတွေရဲ့ရိုးရာစားစရာတစ်မျိုးပဲ ဖြစ်ပါတယ်။ငါးပေါများတဲ့ ဒေသတွေမှာချက်တဲ့ မုန့်ဟင်းခါးရဲ့ အရသာဟာ ပိုပြီးချိုပြီးစားကောင်းပါတယ်။

Credit to Original Uploader

မြန်မာလူမျိုးများဟာ မုန့်ဟင်းခါးထဲကို အိုးဘဲဥ၊ငါးဖယ်၊ငါးဥ၊အကြော်စုံ၊ဘဲသွေး၊ကြက်သွေးတို့ ထည့်စားလေ့ရှိပါတယ်။မုန့်ဟင်းခါးဟာ အငွေ့တထောင်းထောင်းနဲ့ ပူနေတဲ့အချိန်ဆိုပိုပြီးစားရတာ အရသာရှိပါတယ်။မုန့်ဟင်းခါးကို မနက်စာ၊အဆာပြေစားစရာအနေ နဲ့ သတ်မှတ်ထားပေမယ့်နေ့လည်စာညစာအဖြစ်ပါ ထမင်းနဲ့ဟင်းရည်နယ်ဖတ်ပြီး စားလို့ရပါတယ်။ အခုအချိန်မှာတော့ မုန့်ဟင်းခါး ကိုမြန်မာလူမျိုးတို့ရဲ့ စားစရာတစ်ခုအဖြစ်ပုံစံအမျိုးမျိုးဖြင့်  ပြည်ပနိုင်ငံများကိုပါ တင်ပို့ပေးနေပြီပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။