လူရွှင်တော်မိုးစက်ဟာအသံသွင်းပြန်လာရင်း ပန်းဆိုးတန်းဆိပ်ကမ်းမှာ အသက်၈၀အရွယ်သတင်းစာရောင်းတဲ့ အဘတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ သူ့ရဲ့လူမှုစာမျက်နှာမှာ တင်ထားပါတယ်။ အဘရဲ့အသက်ဟာ ၈၀အရွယ်ရှိပြီဖြစ်ပြီး အဘရောင်းတဲ့နေရာမှာ လူတွေအရမ်းများနေတာကြောင့်အဘကိုလူရှင်းတဲ့နေရာခေါ်သွားပြီး မေးမြန်းစကားလေးတွေ ပြောရင်းလှူဒါန်းမှုပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။လူရွှင်တော်မိုးစက်အကောင့်မှာတော့ အခုလိုရေးတင်ထားပါတယ်။
ဒီနေ့ဒလမြို့မှာသီချင်းအသံသွင်းပြီးပြန်လာတော့ ဘဘရောင်းတဲ့နေရာမှာလူတွေအရမ်းများနေတော့
လူရှင်းတဲ့ဘက်ကိုခေါ်လာပြီးဘဘကို
မေးမြန်းကြည့်မိတာပေါ့။
"ဘဘသတင်းစာရောင်းကောင်းရဲ့လား..???.."
"မဆိုးပါဘူးသားရယ်..
ဒါပေမယ့်နေ့စဥ်ထုပ်သတင်းစာရောင်းတာဆိုတော့
နေ့တိုင်းကုန်အောင်စောင့်ရောင်းပြီးမှ
လှိုင်သာယာပြန်ရတာပေါ့..."
"ပြန်ရတာလဲဝေးလိုက်တာဘဘရယ်..
ဒီလိုလုပ်ဘဘရောင်းတဲ့သတင်းစာကို
သားအကုန်ဝယ်လိုက်မယ်ဘဘပြန်တော့နော်"
"ကျေးဇူးပါသားရယ်... "
"ရော့ဘဘ၇သောင်း..."
"ဟာ...သားသတင်းစာဖိုးက
ဒီလောက်မကျဘူးလေ..."
"ဟုတ်တယ် သားကဘဘတို့လို
အသက်အရွယ်ရနေပေမယ့်
မိသားစုအတွက်ရုန်းကန်နေကြတဲ့
သမာအာဇီဝတွေကိုချစ်လို့လှူပေးတာပါ..."
ပိုက်ဆံလေးလက်ထဲထည့်ပေးလိုက်ချိန်မှာ
ဘဘရဲ့ပီတိအပြုံးတစ်ပွင့်ဟာ...
ကျွန်တော့်ရင်ထဲမှာပွင့်လန်းခဲ့ရပါပြီ။
သမာအာဇီဝနဲ့ရုန်းကန်နေတဲ့သူတွေကို
မြင်တွေ့တဲ့အခါကူညီနိုင်စေဖို့
လှူဒါန်းပေးကြတဲ့မိတ်ဆွေတွေကို
ကျေးဇူးအထူးတင်လျက်ပါခင်ဗျာ...။
အသက်ကြီးပိုင်း တစ်ယောက်ဖြစ်ပေမယ့်အခုလိုမျိုး သမာအာဇီဝါကျကျနဲ့ ကြိုးကြိုးစားစား အသက်မွေးဝမ်းကြောင်းပြုနေတဲ့အဘကတော့ တကယ့်ကိုလေးစားစရာပဲနော် ။ လူရွှင်တော်မိုးစက်ရဲ့အလှူလေးကလည်း ကြည်နူးဖို့ကောင်းလိုက်တာ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။