သူ့အမျိုးသမီးကို အရမ်းချစ်ကြောင်း ခဏခဏပြောလေ့ရှိတဲ့ တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် တစ်ယောက်ကတော့ အာရှရဲ့ အကဘုရင်လို့ နာမည်ကြီးတဲ့ Jung Ji-Hoon ခေါ်  Rain  ပဲဖြစ်ပါတယ်။ Rain ဟာ သူ့ရဲ့ဇနီးဖြစ်သူ မင်းသမီး Kim Tae Hee နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတုန်းကဆိုရင် လက်ထပ်ဖိတ်စာတောင် မလုပ်ခဲ့ကြပါဘူး။ ရိုးရှင်းတဲ့ private ဆန်ဆန်မင်္ဂလာပွဲလေးကို ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းတွေ တိုက်ရိုက်ခေါ်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Rain ဟာ သမီးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ Rain နှင့် မင်းသမီး Kim Tae Hee တို့ဟာ တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး စုံတွဲလေးထဲကတစ်စုံတွဲလည်း ဖြစ်ပါတယ်။

Google

Rain ဟာ သူ့မိသားစုအကြောင်းကို Variety Show တွေမှာသာမက Channel တွေမှာပါ ဒီမိသားစုကိုပိုင်ဆိုင်ခဲ့လို့ ဘယ်လောက်ပျော်ရွှင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မင်းသားကြီး Rain က သူ့ဇနီးသည်ကို ဟင်းတစ်ခါမှ မချက်ခိုင်း သလို အိမ်အလုပ်တွေလည်း မလုပ်ခိုင်းဘူးလို့ ပြောခဲ့ဖူးပါသေးတယ်။

Google

Rain ပြောခဲ့တဲ့အဆိုအရ ဇနီးသည် မင်းသမီး Kim Tae Hee က သူ့ရဲ့ အချစ်ဦးလို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်မှာ အသက် ၃၁ နှစ်အရွယ် Rain က Kim Tae-hee ဟာသူ့ရဲ့ချစ်ရသူကောင်မလေးဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတင်တွဲခဲ့တဲ့ အချိန်က ၂၀၂၁ ခုနှစ်မှာပါ။ အဲဒီအချိန်တုန်းက Rain က စစ်မှုထမ်းရမယ့်အချိန်ဖြစ်နေလို့ နှစ်ယောက် ဝေးသွားရပေမယ့် အချစ်တွေကတော့ ဝေးမသွားခဲ့ပါဘူး။

Google

စစ်မှုထမ်းကာလပြီးတဲ့နောက်မှာလည်း မကြာခဏ ချိန်းတွေ့တာမျိုးတွေ အများကြီးဆက်လုပ်ခဲ့ပါတယ်။ Rain နှင့် Kim Tae Hee တို့စုံတွဲလေးကတော့ တောင်ကိုရီးယားနိုင်ငံမှာ အရမ်းကို နာမည်ကြီးတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးရဲ့ အိမ်ထောင်သက်ကတော့ ၄ နှစ်ကြာသွားပြီပဲဖြစ်ပါတယ်။ မင်းသား Rain က အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး မင်းသမီး Kim Tae Hee က အသက် ၄၁ နှစ်ရှိပြီပဲဖြစ်ပါတယ်။Kim Tae Hee ကလည်း ကလေးနှစ်ယောက်အမေ လေးဆယ်ကျော်လို့ မထင်ရဘူးနော် ။တကယ်ကို နုပျိုနေလိုက်တာ ..

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။