ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကြီး Tom Hanks ဟာ ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့ ကမ်းခြေကသာမန် မင်္ဂလာပွဲလေးကို Surprise အဖြစ် ဝင်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ မင်းသားကြီး Tom Hanks လာမယ်ဆိုတာကို မင်္ဂလာ မောင်နှံက မသိခဲ့သလို မင်းသားကြီး Tom Hanks ကိုလည်း ဖိတ်ကြားထားခြင်းမရှိပါဘူး။

Instagram

ဟောလိဝုဒ်သရုပ်ဆောင်ကြီး Tom Hanks ကလည်း မင်္ဂလာမောင်နှံရဲ့ လက်ထပ်ပွဲလေးကို ပိုပြီး အမှတ်တရဖြစ်စေရန် လုပ်ဆောင်ပေးချင်တဲ့ ပုံပါပဲ။ မင်္ဂလာ မောင်နှံ Diciembre နှင့် Tashia Farries တို့ဟာ အောက်တိုဘာလ ၂၂ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲကို အော်စကာဆုရှင်မင်းသားကြီး ရောက်ရှိလာခဲ့ချိန်မှာလည်း အတိုင်းထက်အလွန် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြပါတယ်။ ပိုပြီးထူးခြားတာက လက်ထပ်တဲ့ စုံတွဲလေးက LGBT လိင်တူချစ်သူ စုံတွဲလေးဖြစ်နေတာပါ။

Instagram

 “ကျွန်မတို့ရဲ့ မင်္ဂလာပွဲလေးက အမှတ်တရဖြစ်နေမယ့် အရာလေးထဲက တစ်ခုဖြစ်သွားပါပြီ .. ကျွန်မဘဝရဲ့ အကောင်းဆုံးနေ့ရက်လေးကနေ တစ်သက်သာမှတ်မိနေမယ့် အကောင်းဆုံးအမှတ်တရ ဖြစ်သွားပါပြီ။ ကျွန်မတို့ရဲ့ လှပပြီး ကြည်နူးစရာကောင်းတဲ့နေ့ရက်လေးမှာ လာရောက်ပါဝင်အားဖြည့်ပေးတဲ့ မင်းသားကြီး Tom Hanks ကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ မင်္ဂလာသတို့ သား အဖြစ်ခံယူထားသူ ဖြစ်သူ Tashia က သူမရဲ့ အင်စတာဂရမ်အကောင့်လေးမှာ ရေးတင်ထားပါတယ်။ အဲဒီစာသားလေးနှင့်အတူ သူတို့စုံတွဲလေးနဲ့ တွဲရိုက်ထားတဲ့ မင်းသားကြီးရဲ့ ဓာတ်ပုံလေးတွေကိုလည်း တွဲတင်ထားပါတယ်။

Instagram

သတို့သမီးအဖြစ်ခံယူထားသူ Diciembre ကလည်း “တကယ်မြင်ရတဲ့ ကိုယ့်မျက်လုံးတောင်မယုံနိုင်ဘဲ တစ်စက္ကန့်လောက်ကြောင်သွားတယ်.. ကျွန်မဘဝမှာ တကယ့်ကို အကောင်းဆုံး နေ့ရက်ပါ” လို့ ဝမ်းသာအားရပြောထားပါတယ်။

Instagram

အခုလိုမျိုး မင်းသားကြီး Tom Hanks မင်္ဂလာပွဲ မှာ ရုတ်တရက် ရောက်ရှိလာပေးပြီး surprise လုပ်ပေးတာက ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း နယူးယောက်မြို့က မင်္ဂလာပွဲတစ်ခုကို Surprise အဖြစ်ရောက်ရှိသွားပေးဖူးပါသေးတယ်။ အရမ်းကို တော်တဲ့သူပဲနော်။ တကယ်ကို မာနမကြီးတတ်တဲ့သူပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။